သံယောဇဉ် ဆက်ထုံး

ဟသေုဒွာ

600 Kyats ကျပ်
‘သမီးကတော့ ကျွန်မအဖေ လူသတ်သမားလို့ ပြောရမှာ မရှက်ဘူး၊ အဖေ့လက်ကိုဆွဲပြီး ဒါ ကျွန်မအဖေလို့ ရင်ကော့ပြီး ပြောရဲတယ်၊ အမေ့ကိုတော့ ဒါ ကျွန်မအမေလို့ မပြောရဲဘူး၊ ယောကျာ်းတွေနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အမေ့ကို ကျွန်မ အမေလို့ ပြောရမှာ သိပ်ရှက်တယ်’ ဆိုတဲ့ တေးသီ။ ဖခင်က လူသတ်မှုနဲ့ ထောင်ကျနေပြီး မိခင်က ဘီယာဆိုင်ဖွင့်ထားတဲ့ ခပ်ဆိုးဆိုး မိသားစုက မွေးဖွားလာခဲ့သူ တေးသီက ကံဆိုးရှာသူလေးပါ။ ချောမောလှပပေမဲ့ နောက်ကြောင်းမကောင်းရှာတဲ့ တေးသီ။ မိဘအသိုင်းအဝိုင်းကောင်း၊ ကိုယ်တိုင်လည်း ထက်မြက်တဲ့ အမျိုးသမီးဒီဇိုင်နာတစ်ဦးအဖြစ် ဘဝကို ရပ်တည်နေတဲ့ ဂျူလီယာ။ ပြီးတော့ … ယဉ်ကျေးတဲ့ လူငယ်လေး ဖြိုး၊ စတဲ့ စတဲ့ ဇာတ်ကောင်တွေကို အားပြုပြီး ဇာတ်လမ်းဇာတ်အိမ် အနိမ့်အမြင့် အတက်အကျ လှလှပပ ရက်ယှက်ဖန်တီးထားတဲ့ အချစ်ဝတ္ထုရှည်တစ်ပုဒ်။