မုန်းတတ်သူ...သို့

ဟသေုဒွာ

600 Kyats ကျပ်
စာရေးဆရာမ ဟေသုဒြာရဲ့ မုန်းတတ်သူသို့ အချစ်ဝတ္ထုရှည်လေးကို အစအဆုံး ဖတ်ရှုနိုင်ပါပြီ။ အရေးအသား ပြေပြေပြစ်ပြစ် နူးနူးညံ့ညံ့နဲ့ ဇာတ်အိမ်ခိုင်ခိုင် အချစ်ဇာတ်လမ်း ကောင်းကောင်းကိုမှ ဖတ်ချင်ကြသူတွေအတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ မိသားစုတစ်စု ဒုက္ခရောက်အောင် ဖျက်ဆီးခဲ့တဲ့ ဦးစိုးထိုက်ဆိုတဲ့ လူကြီးကို ကလဲ့စားချေဖို့အတွက် ကြိုးစားရင်းကနေ ရန်သူရဲ့သားကို သနားစိတ်နဲ့ ချစ်ခဲ့မိတဲ့ ရွှေလွန်းရံ။ ချစ်သူနဲ့ ဖခင်အကြား အမှားအမှန် ဝေခွဲမရဘဲ အမှားကြီးမှားခဲ့တဲ့ ရန်ရှင်းထိုက်။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ခဲ့ကြပေမဲ့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေကို သယ်ဆောင်လာတဲ့ ကံကြမ္မာ လှည့်ကွက်အောက်မှာ နှလုံးသားဒဏ်ရာ ကိုယ်စီနဲ့ အသည်းကွဲခဲ့ကြရတဲ့ ချစ်သူနှစ်ဦး။ အငြိုးအတေး၊ ကလဲ့စား၊ အမုန်းတရားတွေက လူတွေရဲ့ စိတ်ကို ဘယ်လောက်အထိ လွှမ်းမိုးပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခပြန်ပေးတတ်ပုံကို အချစ်ဇာတ်လမ်း လှလှလေးအဖြစ် ဖန်တီးပုံဖော် ရေးဖွဲ့ထားတဲ့ … ဟေသုဒြာရဲ့ ‘မုန်းတတ်သူသို့’ အချစ်ခံစားမှု လုံးချင်းဝတ္ထုရှည်က စာဖတ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာ သေချာပါတယ်။