လရိပ်ပိုးမျှင်

သော်တာအေးလဲ့

700 Kyats ကျပ်
ဘ၀မှာ ပြည့်စုံနေရက်နဲ့ အထီးကျန်ခြင်းတွေ ရှိနေတယ်ဆိုတာကို လရိပ်ပိုးမျှင်မှာ ဖော်ပြခဲ့တယ်။ ကိုယ်က တခြားသူဆီက မေတ္တာကို မျှော်လင့်နေသလို ကိုယ့်ဘက်ကလည်း အခြားသူကို လုံခြုံနွေးထွေးမှုတွေ ပြန်လည်ပေးဆပ်ဖို့ အဆင်သင့် ရှိနေတယ်လို့ ရှယ်လီက ပညာတတ် ခေတ်လူငယ် အမျိုးသမီးတစ်ယောက်အနေနဲ့ ဖော်ဆောင်သွားတယ်။ နာဂစ်ရဲ့ လက်ကျန်အငွေ့အသက်လေးတွေ ထည့်ရေးပေးထားတာတော့ ကျွန်တော် အကြိုက်ဆုံးပဲ။ Documentary တစ်ခုလိုမျိုး ဖော်ပြသွားတယ်လို့ ရှေ့ပိုင်း အခန်းတွေမှာ ခံစားရတယ်။ မမ၊ ရှယ်လီ၊ အဲမူ၊ ကိုနောင်မြဲ၊ ပြီးတော့ သူ့ဖေဖေနဲ့ အနူးတို့ရဲ့ ဇာတ်ကောင်စရိုက်တွေဟာ လူသားဆန်မှုကို အတိအကျဖော်ပြထားတယ်။