ဘဝထိုထို

သော်တာဆွေ

600 Kyats ကျပ်
(၁၉၆၁) ခုနှစ် စာပေဗိမာန်ဆုရ ဆရာသော်တာဆွေရဲ့ လက်ရာမွန် စာအုပ်တစ်အုပ်ပါ။ ဝတ္ထုတို စုစည်းမှု စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဝတ္ထုတိုတွေဟာ ဆရာသော်တာဆွေရဲ့ ဘဝခရီးတလျှောက်မှာ ကျင်လည်ခဲ့ရတဲ့ အနိမ့်အမြင့်၊ အတက်အဆင်း၊ စတဲ့ ဘဝရဲ့ အလွှာတွေကို ရဲဝံ့စွာ ထုတ်ဖော်ရေးသားထားတာကို ဖတ်ကြရမှာပါ။ ဆရာသော်တာဆွေရဲ့ ဟန်အတိုင်း စာရေးဟန် ခပ်သွက်သွက်နဲ့ လေးနက်တဲ့ လူ့သဘာဝအဖွဲ့တွေကို ဖတ်ကြရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဝတ္ထုတိုတွေဟာ ဘယ်လောက်ကောင်းသလဲတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ အကောင်းတွေထဲကမှ အကောင်းဆုံး တစ်ပုဒ်လို့ လူတိုင်း သတ်မှတ်ထားကြတဲ့ 'လူ လူချင်း ကိုက်စားနေကြပါသည်' ဆိုတဲ့ ဝတ္ထုမျိုး။ ဖတ်သာ ဖတ်ကြည့်ပါ မိတ်ဆွေ။ ကောင်းလှချည်လား ဖြစ်သွားစေရမယ်။