မြန်မာနိုင်ငံထောက်လှမ်းရေးများအကြောင်း

သောင်းဝေဦး

900 Kyats ကျပ်
ထောက်လှမ်းရေးဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံမှာ အရိပ်ဆိုးကြီးနဲ့ လူတကာက ခါးသီးမုန်းတီးတဲ့ သတ်မှတ်ချက် တစ်ခုပါ။ ဒါပေမယ့် သမိုင်းကို လေ့လာတဲ့နေရာမှာတော့ ချစ်ခြင်းမုန်းတီးခြင်းနဲ့ မသက်ဆိုင်ပါဘူး။ လေ့လာသင့် လေ့လာ ထိုက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်အားလုံးကို လူ့အဖွဲ့အစည်းရဲ့ အကျိုးဖြစ်ထွန်စေနိုင်မှုအတွက် လေ့လာရမှာပါပဲ။ ထိုသမိုင်းဆိုင်ရာ အချက်အလက်တွေရဲ့ မှားခြင်းမှန်ခြင်းကိုလည်း လေ့လာသူတွေကပဲ စိစစ်ဆုံးဖြတ် နှိုင်းဆရပါလိမ့်မယ်။ ဆရာသောင်းဝေဦးဟာ စစ်သားတစ်ယောက်ဖြစ်ပေမယ့် သူဟာ သူကြုံတွေ့ခဲ့ရတဲ့ စစ်သားဘ၀အတွေ့အကြုံတွေကို ရသအစုံနဲ့ ခြယ်မှုန်းနိုင်သူ စာရေးဆရာတစ်ဦးပါ။ ဒီစာအုပ်မှာတော့ သူဟာ ရသသဘောထက် သုတေသနဖြစ်စေတဲ့ အချက်အလက် အထောက်အထားများနဲ့ ရေးသားပြုစုထားတာမို့ ထူးခြားတဲ့ လက်ရာလို့လည်း ဆိုရပါမယ်။ ဒါ့အပြင် မြန်မာ့သမိုင်းထဲက ထောက်လှမ်းရေးဆိုင်ရာတွေ၊ ကမ္ဘာ့ထောက်လှမ်းရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ထည့်သွင်း ဖော်ပြ နှိုင်းပြပေးတာကြောင့် သမိုင်းဆိုင်ရာ သုတေသနစာအုပ်ကောင်းတစ်အုပ်အဖြစ် ရည်ညွှန်းရပါတယ်။ အာဏာရှင် အမှောင်ခေတ်ရဲ့ ထောက်လှမ်းရေးသမိုင်းဆိုးညစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ တော်ရုံ လေ့လာရှာဖွေဖို့ မလွယ်တာမို့ သမိုင်းနဲ့ စပ်ဆက်ပတ်သက်သူတိုင်း မဖြစ်မနေ ဖတ်ရှုလေ့လာရမှာကလည်း အမှန်ပါပဲ။