သေကံမရောက် သက်မပျောက်

သောင်းဝေဦး

900 Kyats ကျပ်
လူတစ်ယောက်ရဲ့ ဘဝမှာ အသက်တစ်ချောင်း အပို မပါပါဘူး။ ဒါပေမဲ့၊ ရှိပြီးသား အသက်တစ်ချောင်းကိုပဲ သေမင်းရဲ့ လုယူမှုနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရတဲ့အခါ၊ သေမင်းနဲ့ စိန်ပြေးလိုက်တမ်း ကစားမတတ် ဒီလူရဲ့ ဘဝမှာ သေဘေးကို မကြာခဏ ကြုံခဲ့ရပြီး သေတွင်းကနေ တစ်ကြိမ်မက ပြန်လည် လွတ်မြောက်ခဲ့တဲ့အခါ၊ သူ့မှာ အသက်များ အပိုပါလေသလားလို့ တွေးထင်မိအောင်ကို ကံကြမ္မာ ဆန်းကြယ်မှုတွေက ထူးဆန်း အံ့သြဖို့ ကောင်းပါတယ်။ အဲ့ဒီလို အဖြစ်ကို ကြုံခဲ့ရသူကတော့ စာရေးဆရာ သောင်းဝေဦးပါ။ သူဟာ သေနတ်အစား ကလောင်ကို ပြောင်းကိုင်ခဲ့သူ တစ်ယောက်။ နှစ်ပေါင်း (၃၀) ကြာ ဖြတ်သန်းခဲ့တဲ့ တပ်မတော်သား၊ စစ်သားဘဝ အတွေ့အကြုံတွေကို မှတ်တမ်းသဘော ပြန်ရေးတယ်။ ဥပမာ - စစ်တိုက်ပွဲအကြောင်း စာအုပ်တွေ။ တောထဲတောင်ထဲ မြေနေရာ မျိုးစုံ ဖြတ်သန်းရတဲ့ အခါ ကြုံရသမျှ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရသဖွဲ့ပြီး ရေးတယ်။ ဥပမာ - စစ်မြေပြင်မှ ကိုယ်တွေ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်များ စာအုပ်တွေ။ စစ်သားဘဝကို ပြန်တမ်းတလို့ ရေးတဲ့စာတွေ။ စစ်ပညာရပ်နဲ့ ပတ်သက်တဲ့ စာတွေ။ ဒါတွေ ရေးရင်း စာဖတ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ စာရေးဆရာ တစ်ဦး ဖြစ်ပါတယ်။ သေမင်းနဲ့ မကြာခဏ ရင်ဆိုင်ရတဲ့ စစ်သားဘဝမှာ ဆရာ သောင်းဝေဦးက သူကိုယ်တိုင် ကြုံခဲ့ရတဲ့ သေကံမရောက် သက်မပျောက် အဖြစ်အပျက်တွေကို ဝတ္ထုတိုတွေ အနေနဲ့ မှတ်တမ်းတင် ပြောပြ၊ ခံစား ရေးဖွဲ့ထားပါတယ်။