သံယောဇဉ်ဖတ်စာ

ဝေမှူးသွင်

800 Kyats ကျပ်
သံယောဇဉ်ဖတ်စာဟာ တစ်ချိန်က စာအုပ်အငှားဆိုင်တွေမှာ ကြိုတင်စာရင်းသွင်းပေးပြီး စောင့်ခဲ့ရတဲ့ ဝေမှူးသွင်ရဲ့ ဝတ္ထုတစ်ပုဒ်ဆိုတာကို အမှတ်ရနေမိပါတယ်။ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်မြူးလို့ ဆိုရင်ရပေမယ့် ဒီဇာတ်လမ်းထဲက သိပ်သည်းတဲ့ လောကအမြင်တွေကိုလည်း ဖတ်ရင်းနဲ့ သတိပြုမိနိုင်ကြဖို့ မျှော်လင့်ပါတယ်။ တက္ကသိုလ်မှာ မထင်မှတ်ပဲ ဆုံတွေ့ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်ရဲ့ ဆုံတွေ့မှုကနေ ဖြစ်ပေါ်လာတဲ့ ဒီဇာတ်လမ်းဟာ ဆယ်ကျော်သက်လူငယ်တွေအတွက် စိတ်ကူးယဉ်စရာ အိမ်မက်ဆန်မှုဖြစ် သလို လှပတဲ့ ဇာတ်အိမ်၊ ဇာတ်ကွက်နဲ့ ဝါကျအဖွဲ့တွေကလည်း စာဖတ်သူကို ဇာတ်လမ်းထဲ စီးမျောသွားစေမှာပါ။ ထင်မထားတဲ့ ဇာတ်ကွက်တစ်ချို့မှာ ပါဝင်လာတဲ့ ဒဿနဆန်ဆန် သဘောတရားရေး စကားလုံးတွေကလည်း လွယ်လွယ်ရှင်းရှင်းမို့ စာဖတ်သူတို့ နှစ်ခြိုက်လက်ခံလာစေရုံမက ဟာသဆန်တဲ့ ရသကိုပါ ပေးစွမ်းပါလိမ့်မယ်။