သမ်းဝေနေသောအလွမ်းမှတ်စုများ

ဝေမှူးသွင်

600 Kyats ကျပ်
ဒီတစ်ခါမှာတော့ လူငယ်စာဖတ်သူတွေ သည်းသည်းလှုပ် နှစ်ခြိုက်ခဲ့ကြရတဲ့ ဆရာဝေမှူးသွင်ရဲ့လက်ရာ ဝတ္ထုတိုစု စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်ခေါင်းစဉ်လေးတွေကအစ စိတ်ဝင်စားစရာကောင်းအောင် လှပလတ်ဆတ်နေသလို၊ အရေးအသားတွေကလည်း နုသစ်ပြီး သွက်သွက်လက်လက် ဖန်တီးတတ်တဲ့ ဆရာဝေမှူးသွင်ရဲ့ 'သမ်းဝေနေသော အလွမ်းမှတ်စုများ' ကို စာချစ်သူတို့ သဘောကျဦးမှာ သေချာပါတယ်။ ဒီစာအုပ်လေးထဲမှာပါဝင်တဲ့ ဝတ္ထုတိုတွေက နောက်ပိုင်းနှစ်တွေမှာ ဆရာဝေမှူးသွင် ရှားရှားပါးပါး ရေးသားဖြစ်ခဲ့တဲ့ ဝတ္ထုတိုတချို့ရယ်၊ ရှေ့က ထွက်ခဲ့ပြီးတဲ့ ဝတ္ထုတိုစုစည်းမှုတွေမှာ မဖော်ပြခဲ့ရသေးတဲ့ ဝတ္ထုတိုတချို့ရယ်ကို ပြန်လည်စုစည်းထားတာပါ။ ဆရာဝေမှူးသွင်ရဲ့ ဝတ္ထုတိုတွေမှာ အချစ်နဲ့ လူငယ်တွေရဲ့ ရင်ခုန်သံ၊ ခံစားမှု၊ ရည်ရွယ်ချက်နဲ့ အားမာန်တွေအပြင် ဘဝဒဿဆန်တဲ့ အတွေးအမြင်တွေကိုလည်း မြင်တတ်ရင် တွေ့နိုင်ပါလိမ့်မယ်။ ခံစားကြည့်ပါဦး စာချစ်သူတို့ရေ။