ကျွမ်းကျင်စွာပြုလုပ်ထားသောအလွမ်း

ဝေမှူးသွင်

600 Kyats ကျပ်
စာရေးသူဖွဲ့ဆိုတဲ့ အခုအလွမ်းကတော့ “ကျွန်တော်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမှတ်တရ အပိုင်းအစတချို့” သာလို့ ဆိုထားပါတယ်။ စာရေးသူအတွက်တော့ အလွမ်းဟာ "ညဥ့်နက်နက်ထဲမှာ သူမတစ်ယောက်ကြယ်တွေကို ငေး ကြည့်အားကျနေမှာလား" မျှော်တွေးစရာလို့လည်း ဆိုပြန်ပါတယ်။ ဒါဆိုရင် ဒီအလွမ်းကို အခြေတည်တဲ့ ဇာတ်လမ်းဟာ ဘယ်လိုများဖြစ်မလဲ။ နံနက်ခင်းမှာ ကြွေကျလာတဲ့ သစ်ရွက် စိမ်းကလေးတစ်ရွက်ကို ကောက်ယူရင်း ဗိုလ်အောင်ကျော်လမ်းမထက် ပြန်လည်ဝေ့လွှင့်လိုက်ချိန်မှာ ကားတစ်စင်းဟာ သူ့ရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ပြီးတော့ ကားထဲက ကောင်မလေးတစ်ယောက်။ အဲဒီကောင်မလေး ကားမောင်းလို့ ပြန်ထွက်သွားချိန်မှာ ကားဘီးရာတွေ ထင်ကျန်ရစ်ခဲ့တာက သူ့သစ်ရွက်ကလေး။ အကြောစိမ်းစိမ်း ညက်ညက်စိုနုနေတဲ့ သစ်ရွက်လေးဟာ ကြေမွဒဏ်ရာရလို့ပေါ့။ ဒီလိုနဲ့ပဲ စာရေးသူရဲ့ အလွမ်းဟာ စခဲ့တဲ့အခါ ဒီဇာတ်လမ်းဟာလည်း ချစ်သူများအတွက် ကိုယ့်ချစ်သူကို မပေးလိုတဲ့၊ မပေးသင့်တဲ့ အလွမ်းတစ်ခုကို မဖန်တီးမိစေဖို့ ချစ်တတ်သူတစ်ဦးစီတိုင်းရဲ့ ရင်ထဲ ထိရှာစွာ ခံယူကိုယ်ချင်းစာနိုင်ကြမယ့် အလွမ်းပါပဲ။ ဖတ်ကြည့်ဖို့ မမေ့ပါနဲ့ဦး။