ကျွန်တော်နှင့်ပျက်ကျသွားသောအလင်းပွင့်ကလေးများ

ဝေမှူးသွင်

600 Kyats ကျပ်
မော်ဒန်၊ ပို့စ်မော်ဒန်စာပေတွေကို ဖတ်ရတဲ့အခါ စာဖတ်သူအချို့အတွက်တော့ နားလည်ဖို့ မလွယ်ကူတဲ့ စကားလုံးထုံးဖွဲ့ မှုတွေနဲ့ အစီအစဉ်ကျနမှုမရှိတဲ့ ဖရိုဖရဲဖွဲ့တည်မှုတွေက စိတ်ပျက်ဖွယ်ကောင်းရင် ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒီစာပေရဲ့ အနှစ်သာရက အစီအစဉ်မကျနမှုတွေထဲမှာ ဖြစ်ပေါ်နေတဲ့ သဘာဝရဲ့ အရှိတရားကို ရှာဖွေရတာမို့ စကားလုံး အသစ်အဆန်းတွေထဲမှာ၊ အသင့်သုံးဝေါဟာရတွေထဲမှာ၊ ဇာတ်ကွက်အကောင်ထည်မဲ့တဲ့ ဇာတ်လမ်းထဲမှာ အတွေးအမြင် သဘောတရားတို့ကို ရှာဖွေရတာဟာ အင်မတန်စီးမျောလွယ်တဲ့ လေးနက်မှုဖြစ်ပါတယ်။ ဒါဟာ ဒ်ီစာပေတွေနဲ့ အသားကျနေသူတိုင်းအတွက် ရိုးရှင်းတဲ့ အထိအတွေ့ပါ။ အခုစာအုပ်ကလည်း ဒီရိုးရှင်းတဲ့ လေးနက်ခြင်းကို ဝေမှူးသွင်က သူ့ရဲ့ အစီအစဉ်မကျနမှုတွေထဲမှာ စာဖတ်သူတွေ အတွက် သိုမှီးပေးထားပါတယ်။ “ဂျက်ပစီဗေဒင်မှာ ကွင်းဖဲချပ်တွေ ပျောက်တဲ့နေ့က” ဆိုတဲ့ စာတစ်ပုဒ်ကိုဖြင့် မော်ဒန်၊ ပိုစ့်မော်ဒန်ပရိတ်သတ်တွေ အကြိုက်တွေ့စာမှာတော့ အာမခံလိုက်ပါတယ်။