ငါတို့ခေတ်က တက္ကသိုလ်

ရွှေကူမေနှင်း

1000 Kyats ကျပ်
ရန်ကုန်တက္ကသိုလ်ရဲ့ ခေတ်တစ်ခေတ်ကို နောက်ခံထားပြီး ရသဝတ္ထုအသွင်၊ တက္ကသိုလ်အတ္ထုပ္ပတ္တိ အသွင်၊ ဇာတ်လမ်းဆင်ဖွဲ့ ရေးသားထားတဲ့ ဝတ္ထုရှည်ကြီး တစ်ပုဒ်ပါ။ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ 'လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ' စာအုပ်ကို အလင်းသစ်စာပေက ဆရာမဆီ ယူလာပြီး 'သူတို့ရဲ့ ဟားဗက်တက္ကသိုလ်ပုံရိပ်ကို ဒီလို ပုံဖော်ထားတယ်၊ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကိုလည်း ဆရာမတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တစ်ခေတ်ရဲ့ ပုံရိပ်တွေနဲ့ ပုံဖော်စေချင်ပါတယ်။ ဆရာမမှာလည်း အချက်အလက်တွေ ရှိပြီးသားပဲ၊ ဘယ်လောက်ပဲ ထူထူ ကျွန်တော် ထုတ်မယ်' လို့ပြောခဲ့ရာကနေ ဆရာမက ဒီဝတ္ထုကြီးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ ပရောဂျက်တစ်ခုလို သဘောထားပြီး နေ့မနား ညမနား ဖန်တီးခဲ့ရာမှာ သုံးလလောက် ကြာမြင့်အပြီးမှာတော့ ဝတ္ထုကြီးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်နောက်ခံ တစ်ခေတ်တစ်ခါက ပုံရိပ်တွေကို ခံစားကြရမယ့် ဝတ္ထုကောင်းတစ်ပုဒ်ကို ခံစားကြည့်ကြပါဦးခင်ဗျ။