အမိုက်မှောင်

ရွှေချမ်းသာ

800 Kyats ကျပ်
ဖခင်ကြီး ဦးကြူမကွယ်လွန်မီ တစ်ဦးတည်းသော သမီး မမြနွယ်ကို သစ်ကုန်သည် ကိုထင်ကျော်နဲ့ ပေးစားခဲ့တယ်။ မင်းသားခေါင်းဆောင်းထားတဲ့ ကိုထင်ကျော်က မမြနွယ်နဲ့ တစ်နှစ်နီးပါး ပေါင်းသင်းပြီး အိမ်ထောင်ရေးဖောက်ပြန်မှုတွေစတော့တာဘဲ…. ဒီလိုနဲ့ မမြနွယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ရောင်းချ သုံးဖြုန်းပြီး နောက်ဆုံးသူတို့နေတဲ့ သုံးထပ်အိမ်ကြီး ရောင်းရန် စကားများပြီး မမြနွယ်ကိုအမြဲနှိပ်စက်လေရဲ့ သူတို့အိမ်နားကို အသစ်ရောက်လာတဲ့ ဆရာမလေးရှယ်လီ…. မမြနွယ်နဲ့ ရှယ်လီ တို့အိမ်နီးချင်းခင်မင်သွားကြတယ်။ တနေ့ တဏှာရူးကိုထင်ကျော်က ရှယ်လီကို အလွတ်မပေးပဲ အပျိုစင်ဘ၀ ဖျက်ဆီးလိုက်တယ်…. ယောက်ျားကို မုန်းတီးရွံရှာတဲ့ မမြနွယ်က ရှယ်လီနဲ့ ပေါင်းပြီး လူယုတ်မာကိုထင်ကျော်ကို သတ်လိုက်ပြီး အိမ်နားက ရေတွင်းပျက်ထဲ တွန်းချလိုက်တယ်။ ဒါပေမယ့် ကိုထင်ကျော် က အိမ်ပြန်ရောက်လာသော အခါ …. မိန်းမသားနှစ်ယောက်နဲ့ လူယုတ်မာကိုထင်ကျော် သုံးဦး သေတွင်းက ဘယ်သူ ရုန်းထွက်နိုင်လဲဆိုတာကိုတော့………..