နိုင်ငံရေးအကျဉ်းသူများ

ရွှေကူမေနှင်း

700 Kyats ကျပ်
၈၈ အရေးတော်ပုံမှာ ပထမဆုံး ထောင်ကျသော နိုင်ငံရေးသမား အကျဉ်းသူများကို မော်ကွန်းတင်ထားတဲ့ စာအုပ်။ စစ်ဦးဘီးလူးအောက်မှာ သေသူသေ၊ လဲသူလဲ၊ အသက်မသေ ကျန်ရစ်သူများ၏ အကြောင်းစုံ။ ထောင်ဆိုတာ လူတိုင်းကြောက်တဲ့ နေရာမျိုး။ သူတို့က ဘာကြောင့် မကြောက်တာလဲ။ အကြောင်းအရာကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားတဲ့ စာအုပ်။ စာရေးသူ ရွှေကူမေနှင်း ၏ "နိုင်ငံရေး အကျဉ်းသူများ" စာအုပ်လေးနဲ့ စာချစ်သူကို မိတ်ဆက်ပေးလိုက်ပါရစေ။ စာချစ်သူတို့ စိတ်ဝင်စားနေတဲ့ အကြာင်းကိုရှင်းရှင်းလင်းလင်း သိရတဲ့ အတွက် ကြိုက်လိမ့်မယ်လို့ ယုံကြည်ရင်း ၀န်ဇင်းမှ ဦးဦးဖျားဖျား သတင်းပေးလိုက်ပါတယ်ရှင်။