အိုဘယ့်...ပုဂံ

ရွှေကူမေနှင်း

1000 Kyats ကျပ်
ပုဂံ။ မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် မြို့တော်။ လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း ဆိုတဲ့ စာချိုးအတိုင်း ဘုရားပုထိုး လက်ညှိုးထိုးမလွဲအောင် တည်ရှိတဲ့ ပုဂံ။ ပုဂံကို ရောက်ခဲ့တဲ့ အကြိမ်တွေ ဘယ်လောက်များများ၊ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူသလို၊ ပုဂံအပေါ် အတွေးအမြင်တွေလည်း ကွဲပြားမှာပါ။ ထနောင်းပင်ပျို၊ ထန်းပင်အိုတွေနဲ့ ညိုညိုအုံ့အုံ့ သာမောဖွယ်ရှုမျှော်ခင်းတွေနဲ့ ပုဂံမြေ။ ဒီစာအုပ်ထဲမှာတော့၊ ပုဂံကို အခေါက်ခေါက် အခါခါ ရောက်ပြီး ပုဂံမြေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သူ စာရေးဆရာမ ရွှေကူမေနှင်းက သူ ခံစား ရှုမြင်ရတဲ့ ပုဂံရဲ့ အလှတရားတွေကို ခရီးသွားဆောင်းပါးတွေအဖြစ် ရေးသား ဖော်ထုတ်ထားတာပါ။ ပုဂံမြေကို သွားဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ ဒီစာအုပ်က မဖတ်မဖြစ် တစ်အုပ်ပါပဲ။ ဆောင်းပါး (၁၁) ပုဒ် ပါဝင်ပြီး ပုဂံမြေရဲ့ အထင်ကရ စေတီ ပုထိုးတော်များ အကြောင်းကိုပါ လေ့လာ သိရှိခွင့် ရမှာပဲ ဖြစ်ပါတယ်။