အင်္ဂလိပ်လို ပြောရဖတ်ရအောင်

ရွှေကူမေနှင်

800 Kyats ကျပ်
ကျွန်မအနေနဲ့ အင်္ဂလိပ်စကားပြောသင်တန်းရယ်လို့ သီးသီးသန့်သန့် မဖွင့်ခဲ့ပါဘူး။ တခြား လုပ်ငန်းဆိုင်ရာ ပညာရပ်သင်ကြားတဲ့ ကျောင်းတွေမှာ အင်္ဂလိပ်လို ပြောရဲဆိုရဲအောင် တွန်းအားပေးရုံတော့ ကျွန်မ သင်ပေးခဲ့ရပါတယ်။ အဲဒီ အတွေ့အကြုံတွေအရ မြန်မာကလေးတွေဟာ စာအုပ်ထဲမှာ ဖတ်ရင် နားလည်ပေမဲ့ နှုတ်က ရှောရှောရှူရှူ ပြောထွက်ကြဖို့ ခက်ခဲနေသေးတာ သိခဲ့ရတယ်။ ဒါနဲ့ပဲ ဒီစာအုပ်ကလေးကို ထပ်ဖြည့်လိုက်တဲ့အနေနဲ့ ရေးဖြစ်ပါတယ်။ ဒီစာအုပ်မှာ - အပိုင်း (၃) ပိုင်း ခွဲထားပါတယ်။ အပိုင်း (၁) က သဘောတရားရေးပါ။ အပိုင်း (၂) ကတော့ အောက်စ်ဖို့ထုတ် အဆင့်မီ အင်္ဂလိပ်စကားများကို နမူနာယူဖို့ ထည့်သွင်းထားပါတယ်။ ဒီစာအုပ်လေးဟာ အင်္ဂလိပ်စကားကို တကယ် ပြောတတ်ချင်တဲ့ လူငယ်များကို လက်တွေ့ကျကျ အကျိုးပြုမယ်လို့ ယုံပါတယ်။