ကွန်ရက်ဈေးကွက်မှ ငွေပိုမိုရရှိရေး နည်းလမ်း ၅၂မျိုး

ရွှေကူမေနှင်း

900 Kyats ကျပ်
နည်းပညာကွန်ရက် အားကောင်းနေတဲ့ ဒီနေ့ခေတ်မှာ ကွန်ရက်ဈေးကွက်ကနေ ငွေပိုမို ရရှိနိုင်မယ့် နည်းလမ်း (၅၂) မျိုးကို ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ကုမ္ပဏီပိုင်း၊ ထုတ်ကုန်ပိုင်း၊ ဆုကြေးစနစ်ပိုင်း၊ Management ပိုင်း အားနည်းချက်တွေကြောင့် ပြောသလို၊ ဟောသလို Polishing လုပ်သလို ငွေတကယ်မရဘဲ လေပဲရတဲ့ Network marketing နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတွေ၊ Member တွေ အပိုင်းမှာ လုပ်ကိုင်ပုံ နည်းစနစ်တွေ စနစ်တကျ သင်ယူနိုင်ခဲ့ခြင်းမရှိလို့၊ ပိုမိုကောင်းမွန်တဲ့ နည်းစဉ်တွေကို မရရှိခဲ့ကြလို့၊ Network ငွေတွင်းသစ်ကြီးကနေ High Income မရရှိခဲ့ကြတဲ့ မိတ်ဆွေတွေအတွက် ဒီစာအုပ်က အကူအညီ ပေးနိုင်မှာပါ။ ‘ဒီစာအုပ်မှာ စာရေးသူ David Goh ဟာ (Key Point) လေးတွေကို လိုတိုရှင်း ဖတ်ရှုရလွယ်ကူအောင် တကယ့် စမ်းသပ်ကျင့်သုံးရာက လေးလေးစားစား ကျင့်သုံးလာကြအောင် ကမ္ဘာကျော် MLM ပညာရှင်တစ်ဦးအဖြစ် လမ်းညွှန်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်က မြန်မာတစ်နိုင်ငံလုံးရှိ Networker တွေကို High Income (Residual) ပဒေသာပင် ဝင်ငွေကောင်း တကယ့်ရနေတဲ့သူအဖြစ် သိန်းသန်းမက ဦးရေ ပေါ်ထွက်လာစေချင်ပါတယ်’ လို့ ဒီစာအုပ်ကို စီစဉ်သူ ကိုဖေသိန်း (ရှမ်းမောမြေ) က ဆိုထားပါတယ်။