မြေမနင်းသား စနေသား

ရောင်နီသက်လွင်

200 Kyats ကျပ်
မြို့ကလေးရဲ့ အစွန်မှာရှိတဲ့ သုဿာန်မြေက သရဲအခြောက်ကြမ်းတယ်လို့ နာမည်ကြီးတဲ့ နေရာ။ ကုလားသိင်္ချိုင်းနဲ့ ဗမာသင်္ချိုင်းဆိုပြီး အလယ်မှာ ခြံစည်းရိုးပဲ ခြားထားတဲ့ သုဿာန်ရှေ့ကနေ ညနေ နေဝင်ရီတရောဆို လူတစ်ယောက်စ နှစ်ယောက်စနဲ့ မဖြတ်ရဲဘူး။ တော်ရုံ သတ္တိကောင်းသူတောင် အဖော်မပါဘဲ မသွားရဲတဲ့ နေရာမျိုး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးမွေးရင်း အမေရော ကလေးပါ သေသွားလို့ လာမြှုပ်ထားတဲ့ မြေပုံတစ်ခု ဒီသုဿာန်မှာ ရှိနေတာ။ ငစိုးနဲ့ ပေါက်စဆိုတဲ့ လူရှုပ်နှစ်ယောက်ဟာ မိန်းမလိုချင်တာ ငမ်းငမ်းတက်ပေမဲ့ ဘယ်မိန်းကလေးမှ သူတို့ကို ပြန်မကြိုက်တာမို့ ပီယဆေးခေါ် စော်ကြည်ဆေး စီရင်ဖို့အတွက် ယောဆရာကြီးတစ်ယောက်ဆီ တိုင်ပင်ရင်း၊ မြေမနင်းသား စနေသားအလောင်းက လက်မတစ်ချောင်း သွားဖြုတ်ယူပြီး အစီအရင်လုပ်ဖို့ ကြိုးစားကြတယ်။ ယောဆရာကြီးက သရဲမကပ်နိုင်အောင် စီရင်ထားတဲ့ အဆောင်လက်ဖွဲ့ တစ်ယောက်တစ်ခုစီ ပေးပြီး မြေမနင်းသားလက်မ သွားယူဖို့ ငစိုးနဲ့ ပေါက်စကို ခိုင်းလိုက်တယ်။ မိုးသည်းသည်းရွာနေတဲ့ ညသန်းခေါင်အချိန်မှာ မိန်းမလိုချင်နေတဲ့ လူရှုပ်နှစ်ယောက် ကလေးမသာအလောင်းကို သွားရောက်တူးဖော်တဲ့အခါ … ဘယ်လို ထိတ်လန့်ချောက်ချားစရာ အဖြစ်အပျက်တွေကို ကြုံတွေ့ရမလဲဆိုတာတော့ ကျောတချမ်းချမ်း ကြက်သီးတဖြန်းဖြန်းနဲ့ ဒီဇာတ်လမ်းထဲမှာ ဖတ်ရှုလိုက်ပါ စာချစ်သူတို့ရေ။