အောင်ကျော် သို့မဟုတ် ဂျပ်ဆင်သူပုန်

မှော်ဝန်းကြည်မြတ်

600 Kyats ကျပ်
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ အရေးအပါဆုံး လူထုအုံကြွမှု ဖြစ်ခဲ့တဲ့ (၁၃၀၀) ပြည့် အရေးတော်ပုံကြီးမှာ နယ်ချဲ့အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သူရဲကောင်းပီသစွာ အသက်စွန့်ခဲ့တဲ့ ကိုအောင်ကျော်။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းတစ်လျှောက် နေမျိုးသီဟသူရဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် အာဇာနည် ကိုအောင်ကျော်။ အသက် (၂၂) နှစ် အရွယ်မှာ ကျဆုံးခဲ့ပေမဲ့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ယနေ့တိုင် ရှင်သန်နေဆဲ သူရဲကောင်း ကိုအောင်ကျော် (သို့မဟုတ်) ဂျပ်ဆင်သူပုန်အကြောင်းကို အတ္ထုပ္ပတ္တိမဆန်၊ စိတ်ကူးယဉ်ဝတ္ထုဟန်မဟုတ်ဘဲ သတင်းရေးသားဟန်နဲ့ အကြောင်းအချက်တွေကို ကဏ္ဍအလိုက် ရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး ဒီစာအုပ်ကို ဗိုလ်အောင်ကျော် ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။