ပါရမီရှင် မောင်ပြည့်ဝနှင့် ထွက်ရပ်ဟူသည်

မှော်နန်း(ပြည်)

အခမဲ့
ဂန္ဓာရီသမားဆိုတာ လေနှင်ရာလွင့်နေရတဲ့ တိမ်ပမာပါပဲ။ အထက်ဆရာများ အမိန့်ပေးရာ ဌာနေ၊ ပြည်ရွာ၊ တောတောင်တွေကို ခြေဆန့် လှည့်လည်လို့ ပဋ္ဌာန်းဆက်ရှိသမျှ သတ္တဝါတွေကို ကယ်တင်ရင်း မိမိရဲ့ ပညာဝမ်းစာကို ဖြည်းတင်း ကျင့်ကြံနေကြသူတွေပါပဲ။ ပဋ္ဌာန်းဆက်ဆိုတာကလည်း မိမိနဲ့ ရှေးရှေးဘဝက ညီအစ်ကိုမောင်နှမ ဆွေမျိုးတော်စပ်ခဲ့သူ၊ ဒါမှမဟုတ် ကျေးဇူး အထူးရှိခဲ့ဖူးသူတွေကို အလှည့်ကျ မနွဲ့စတမ်းဆိုသလို မိမိဘက်က တတ်စွမ်းသလောက် ပြန်လည် ကူညီပေးရတာပဲ ဖြစ်ပါတယ်။ ဒီလို ကူညီရင်း မိမိကိုယ်တိုင်လည်း ကျင့်ကြံမှ လောကီထွက်ရပ်ကနေ လောကုတ္တရာ ထွက်ရပ်ဖြစ်တဲ့ အစစ်အမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တ ရလိုကြတာပဲ ဖြစ်ပါတယ်။ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဆိုတာကလည်း အလကားနေရင်း ထဖြစ်ပေါ်တတ်တာ မဟုတ်ပါဘူး။ အခုလုပ် အခုဖြစ်တဲ့ အရာလည်း မဟုတ်ပါဘူး။ အရာအားလုံးမှာ ကိစ္စပြီးမြောက်စေဖို့အတွက် ပါရမီ အရင်းခံရှိမှသာ အောင်မြင်တတ်ပါတယ်။ ပါရမီ ဆိုတာက အဖန်တလဲလဲ ဖြည့်ကျင့်ဆည်းပူးခြင်းပါပဲ။ ဒီလို ဂန္ဓာရီလမ်းပေါ် လျှောက်ခဲ့တဲ့ ပါရမီရှင် မောင်ပြည့်ဝတစ်ယောက် တပည့်ဖြစ်တဲ့ စိုင်းသူရနဲ့အတူ ပါရမီဖြည့်ကျင့်ရင်း နောက်ဆုံးမှာ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီတို့ရဲ့ ပျော်စံရာ မဟာမြိုင်တောကြီးထဲ ဘယ်နည်းဘယ်ပုံ ရောက်ရှိလေမလဲ ဆိုတာကိုတော့ …