ပါရမီရှင်မောင်ပြည့်ဝနှင့် ဒေးစွန်ပါမှ ရတနာ

မှော်နန်း(ပြည်)

အခမဲ့
ဆောင်တော်မြဲ ဆေးလွယ်အိတ်နဲ့ အဝတ်သုံးထည်သာ အဖော်ပြုပြီး ဂန္ဓာရီခရီးရှည် ထွက်ခဲ့တဲ့ မောင်ပြည့်ဝတစ်ယောက် အပြောလွယ်ပြီး အလုပ်ခက်တဲ့ ဂန္ဓာရီလမ်းမှာ ဘယ်လို အဆန်းတကြယ်တွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ဂန္ဓာရီခရီး စခဲ့ကတည်းက အစာငတ်၊ ရေငတ် ဒုက္ခတွေဆိုတာ အသေးအမွှား။ စုန်း၊ ကဝေ၊ ဘီလူး၊ ယက္ခိုက်၊ အောက်လမ်းတိုက်၊ ဖုတ်၊ ပြိတ္တာ၊ နာနာဘာဝတွေရဲ့ အနှောက်အယှက်ဆိုတာက မကြုံချင်မှ အဆုံးပါပဲ။ ဆရာတွေ တင်လိုက်တာလည်း များပြီ။ ဆရာစစ်က အရှားသား။ ‘အစစ်တစ်ယောက်၊ အတုတစ်ထောင်၊ အယောင်ဆောင်တစ်သိန်း’ ဆိုတဲ့ စကားအတိုင်းပဲ ဆရာတု ဆရာယောင်တွေသာ လောကမှာ ညာစားဖြီးစား ပေါများနေတာ။ ဒီအထဲမှာမှ ဆရာကောင်းတချို့နဲ့ မောင်ပြည့်ဝ ဆုံခဲ့ရတာတော့ ကုသိုလ်ထူးလို့ပါပဲ။ ဦးကျိုင်း ဆိုတဲ့ အဘ၊ ဒေးစွန်ပါကို အရောက်လာဖို့ ပြည့်ဝကို မှာခဲ့တယ်။ ဒေးစွန်ပါ ရောက်ရင် ပြည့်ဝအတွက် ပေးစရာ ပစ္စည်းတစ်ခု ရှိသတဲ့။ ဒီတော့ ပြည့်ဝတစ်ယောက် ဒေးစွန်ပါကို ခရီးဆက်ရပြန်ပြီပေါ့။ ဒီဇာတ်လမ်းမှာတော့ မောင်ပြည့်ဝနဲ့ ဒေးစွန်ပါက ရတနာရဲ့ စိတ်ဝင်စားစရာ အားပြိုင်မှုတွေကို ဖတ်ကြရမှာပါ။ ဒေးစွန်ပါက ရတနာဟာ ဘယ်လို ရတနာမျိုးများလဲ၊ ဘယ်လို ထူးခြားတဲ့ ပစ္စည်းမျိုးများလဲ။