ပါရမီရှင်မောင်ပြည့်ဝနှင့် ကိုးမြို့ကိုးဓား ကိုးတံခါးပိုင် ဝမ်းတွင်းကဝေမယ်ညွှန့်

မှော်နန်း(ပြည်)

အခမဲ့
ပါရမီရှင် မောင်ပြည့်ဝတစ်ယောက် ဂန္ဓာရီခရီးထွက်ရင်းနဲ့ အဘဦးကျိုင်းဆီက ထူးခြားတဲ့ ပစ္စည်းတစ်ခုကို လက်ခံရယူဖို့ သွားခဲ့တဲ့ ခရီးစဉ်က အဖြစ်အပျက်တွေကို ‘မောင်ပြည့်ဝနှင့် ဒေးစွန်ပါမှ ရတနာ’ ဆိုတဲ့ ဝတ္ထုမှာ ဖတ်ခဲ့ကြပြီးပြီဆိုတော့ အဲဒီဇာတ်လမ်းရဲ့ အဆက်ကို ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ အဘဦးကျိုင်းဆီက ဌာပနာ ရတနာပစ္စည်းတွေကို သွားရောက်ယူဆောင်ခဲ့ပြီးတဲ့ မောင်ပြည့်ဝဟာ ရှမ်းပြည်နယ် နယ်စွန်နယ်ဖျားက ရွာကလေးတစ်ရွာဆီ ထွက်ခဲ့ပြီး ဘုရားတည်ဖို့အတွက် အားထုတ်ပါတော့တယ်။ မောင်ပြည့်ဝ ရောက်သွားတဲ့ နယ်က ရိုးမနဲ့လည်း နီးတာမို့ အတော် ခေါင်ခိုက်တဲ့ ဒေသပါပဲ။ တစ်ခုက မောင်ပြည့်ဝဟာ ဘုရားတည် သာသနာပြုဖို့ ရောက်လာတဲ့သူ ဖြစ်တဲ့အတွက် ရွာလူကြီးကလည်း ပျူပျူငှာငှာ ကြိုဆိုတဲ့အပြင် မောင်ပြည့်ဝရဲ့ ဂန္ဓာရီခရီးမှာ တပည့်အဖြစ် ပါရမီဖြည့်ဖို့အတွက် စိုင်းသူရဆိုတဲ့ လူငယ်ကပါ ခွင့်တောင်းခဲ့ပါတယ်။ မောင်ပြည့်ဝဟာ စိုင်းသူရကို ဂန္ဓာရီခရီးမှာ တပည့်အဖြစ် ခေါ်သွားဖို့အတွက် စမ်းသပ်မှုတွေ စတင်လေ့ကျင့်စေပါတယ်။ တရားထိုင်၊ ပုတီးစိပ်၊ မေတ္တာပို့ စတဲ့ သူတော်ကောင်းတို့ အလုပ်တွေကို စတင်လုပ်ခိုင်းစေတဲ့ ညမှာပဲ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေက စတင်လာခဲ့ပါတယ်။ ကိုးမြို့ ကိုးဓား ကိုးတံခါးပိုင် ဝမ်းတွင်းကဝေမယ်ညွန့်နဲ့ မောင်ပြည့်ဝတို့ရဲ့ ပညာပြိုင်ပွဲက ဘယ်လောက်အထိ စာဖတ်သူကို စိတ်ဝင်စားမှု အားကောင်းစေမလဲ၊ ဘယ်လို နက်နဲထူးခြားမှုတွေနဲ့ မြင်တွေ့ရမလဲ၊ ဘယ်လောက် ထိတ်လန့်ချောက်ချားစရာ အဖြစ်တွေကို ကြုံရမလဲဆိုတာကို ဆက်လက်ဖတ်ကြည့်လိုက်ပါဦး။