မြန်မာ့စစ်ပညာ

မေမြို့မိုးကြည်

800 Kyats ကျပ်
ဒီစာအုပ်ကတော့ စစ်ရေးစစ်ရာကို စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်တွေအတွက်တော့ ရွှေပါပဲ။ စစ်ဗျူဟာတွေက ခေတ်နဲ့ အညီ တိုးတက်ပြောင်းလဲလာကြပေမယ့် အလုံးစုံမပစ်ပယ်ပဲ ဒီနေ့အထိ အသုံးပြုနေတဲ့ ဗျူဟာတွေရှိပါတယ်။ ဒီစာအုပ်ထဲမှာ အဲဒီ့ဗျူဟာတွေအပြင် မှန်နန်းရာဇ၀င်တော်ကြီးမှာပါရှိတဲ့ ‘စစ်အောင်ရာသောအကြောင်း ၁၂ ပါး’ ကိုလည်း သေချာရှင်းလင်းပြီး ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ရဲ့အစီအရင် (၇) ပါးဖြစ်တဲ့ “ စစ်၏ အင်္ဂါ(၇)ပါး၊ စစ်ချီခြင်း(၄)ပါး၊ စစ်ကပ်ခြင်း(၂)၊ စစ်ထိုးခြင်း(၆)ပါး၊ စစ်ခံခြင်း(၆)ပါး၊ စစ်ဖျက်ခြင်း(၆)ပါး၊ စစ်ပြန်ခြင်း(၃)ပါးတို့လည်း အသေးစိတ်ပါဝင်တာကြောင့် စာဖတ်ပရိသတ်တွေကို လက်ကမချတမ်းဖတ်မိစေမှာပါ။