ဓားလုလင်နှင့် သစ္စာရှင်

မောင်နှင်းဆွေ

700 Kyats ကျပ်
⏩ စာမြည်း ⏩ ကျားညီနောင်တို့ တွေ့သမျှ အဖြူရောင်ဂိုဏ်းသားမှန်သမျှ သက်ညှာမှုလုံးဝမရှိပါ။ ချိန်စွေ့သည်ပင်လျှင် အတော်လေးလန့်သွားသည်။ ကျားညီနောင်၏ သိုင်းပညာစွမ်းရည်မြင့်မားလှ ကြောင်းကိုလည်း ချိန်စွေ့သိသည်။ နားလည်သဘောပေါက်သည်။ ချိန်စွေ့သည် သူ့လူများကို သူကိုယ်တိုင် ကျားညီနောင်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိ၍ သူ့လူများကို ... “အားလုံး အခြေအနေကိုကြည့်ပြီး နောက်ဆုတ်ကြ...လျှို့ဝှက်လမ်းက အမြန်ဆုတ်မှဖြစ်မယ်... ကျားညီနောင်ကို ကျုပ်တို့သိုင်းပညာစွမ်းရည်လောက်နဲ့ ဘယ်လိုနည်းနဲ့မှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာမဟုတ် ဘူး” ပြောလိုက်လေသည်။ သည်တိုက်ပွဲတွင် စွမ်းမေနှင့် ချွန်မင်းတို့ရှိလျှင် ရန်သူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။ ယိရှန်လို သိုင်းသမားမျိုးရှိလျှင်ပင် ရန်သူတွေကို ခုခံတိုက်ခိုက်နိုင်သည်။ သူတို့တွေမရှိသောအခါတွင်ကား ချိန်စွေ့သည်လည်း မယှဉ်သာတော့ပြီ။ သို့သော်.... ချိန်စွေ့ရှောင်တိမ်းသွားလျှင် သူ့လူများ ရန်သူများ၏ဓားသွားများအောက်တွင် အတုံးအရုံး သေကြေ ပျက်စီးသည်မှာ အမှန်ပင်ဖြစ်သည်။ ရန်သူတွေတိုက်ခိုက်ခြင်းကို ခါးစည်းခံလျှင် မိမိတို့လူတွေ အသက်ပါ၍ အသတ်ခံကြသည်ပုံမျိုးရှိနေသည်။ ⏪