အချိန်တိုင်းနေရာတိုင်း၌ လူတိုင်းနှင့်စကားပြောနည်း

မောင်မြတ်မိုး

1000 Kyats ကျပ်
စာရေးဆရာ မြတ်မိုး ရေးထားတဲ့ အချိန်တိုင်း၊ နေရာတိုင်း၌ လူတိုင်းနှင့်စကားပြောနည်းဟာ ကာလ၊ ဒေသ၊ အခြေအနေနဲ့အညီ စကားပြောဆိုနည်း ကို အခန်းပေါင်း (၁၂) ခန်းဖြင့် ဝေေ၀ဆာဆာ ဖော်ပြထားရာတွင် ကိုယ်တိုင်အတွေ့အကြုံများသာမက အောင်မြင်နေသော စကားပြောကောင်းသူ ပုဂ္ဂိုလ်များ၌ တွေ့ရသော တူညီတဲ့အရည်အချင်းများကို ထည့်သွင်းထားပြီး တင်ပြရာ၌ပညာရပ်ဆန်ဆန်ပုံစံမျိုး၌ ရေးသားထားခြင်းမဟုတ်ဘဲ လူတစ်ယောက်အောင်မြင်ဖို့အတွက် စကားပြောကောင်းရမယ်ဆိုတာ အမှန်တကယ် မှတ်သားထိုက်ပါတယ်။ အောင်မြင်ရေးနည်းလမ်းကောင်းများအတိုင်း လိုက်နာပြီး အလုပ်ကြိုးစားရုံဖြင့် ဘ၀တွင် အောင်မြင်မှုအထွတ်အထိပ်မရရှိပုံကို စာအုပ်လေးက အလေးထားဖော်ပြထားပါတယ်။ တွေ့ကြုံရမဲ့ အခြေအနေများကို ပေါ့ပေါ့ပါးပါး တင်ပြထားတဲ့အတွက် စာချစ်သူများ ဖတ်ပြီး အကြိုက်တွေ့စေမယ်လို့ ယုံကြည်ပါတယ်။