မုဆိုးဝတၳဳတိုမ်ား

မောင်မြင့်မား(ဘိုကလေး)

600 Kyats ကျပ်
ဒီစာအုပ်မှာတော့ ဆရာမောင်မြင့်မား (ဘိုကလေး) ရေးသားတဲ့ မုဆိုးဝတ္ထုတွေထဲက အဓိကဇာတ်ကောင် မုဆိုးကျော်စောဂျိမ်း ပါဝင်တဲ့ တောတွင်းစွန့်စားခန်း အမဲလိုက်ဝတ္ထုတိုတွေကို စိတ်ဝင်တစား ဖတ်ရှုကြရမှာပါ။ တောရိုင်းတိရစ္ဆာန်တွေနဲ့ လူမုဆိုးတွေရဲ့ အသက်လုပွဲတွေ၊ တောဟေဝန်ထဲက ထူးခြားဆန်းပြားတဲ့ သဘာဝဖြစ်ရပ်တွေ၊ အဖိုးတန်တဲ့ ချိုးအမြုတေ၊ ဝက်တောင်းမာန်စွယ် ဆိုတဲ့ ကာယသိဒ္ဓိအဆောင်တွေ ... စတဲ့ … စတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို မုဆိုးကျော်စောဂျိမ်းရဲ့ စွန့်စားခန်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီစာအုပ်ထဲမှာတော့ … ဆတ်ပေါင်နှစ်ချောင်း၊ တစ်ဝက်ဟင်းစား၊ မိုးသည်းသည်းမှာ၊ အောင်ပွဲခံသော ညတစ်ည၊ ပဒတ်မွှေးမွှေး၊ ဟင်းမျိုးနှင့် သတင်းဆိုး၊ တိုက်တိုက်ဆိုင်ဆိုင်၊ ဦးကမ်းနော်နှင့် ရွှေရောင်ပုလဲလုံး၊ မည်းမည်းအကောင်ကြီး၊ လင့်စင်ပေါ်မှာ တခဏ၊ ပြောင်သွားသောပြောင် … စတဲ့ မုဆိုးဝတ္ထုတိုတွေ ပါဝင်ပါတယ်။ ကိုယ်တိုင်ပဲ တောထဲရောက်နေသလိုလို ခံစားရစေမယ့် မုဆိုးဝတ္ထုတိုစုစည်းမှု စာအုပ်က စာဖတ်သူကို နည်းနည်းမှ ပျင်းစေမှာ မဟုတ်ပါဘူး။