အကျိုးပေးတဲ့ ဟမ်းဖုန်း

မောင်မြင့်မား(ဘိုကလေး)

500 Kyats ကျပ်
ပြဇာတ်စာပေဆိုတာ ဒီနေ့ခေတ်မှာ အတော်လေး ရှားပါးတဲ့ စာပေအမျိုးအစားတစ်ရပ်ပါ။ ပြဇာတ်စာပေ ရေးသားတဲ့ စာရေးဆရာဆိုတာလည်း လက်ချိုးရေလို့ ရပါတယ်။ ဒီလို ရှားပါးနေတဲ့ ပြဇာတ်စာပေကို တစိုက်မတ်မတ်ရေးသားနေတဲ့ ဆရာမောင်မြင့်မား (ဗိုလ်ကလေး) ရဲ့ လက်ရာ ပြဇာတ်တွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ ပြဇာတ်ဆိုတာ ဘာလဲ၊ ပြဇာတ်စာပေကို ဘယ်လို ဖန်တီးမလဲဆိုတာကို ဒီစာအုပ်ထဲက ပြဇာတ်တွေ ဖတ်ရင်း လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။ ဆရာမောင်မြင့်မားရဲ့ ပြဇာတ်တွေက အတည်အခန့်ဘက် သိပ်မရောက်ဘဲ သရော်စာဘက် ပိုဆန်ပါတယ်။ ရပ်ကွက်ထဲက အဖြစ်အပျက်တွေ၊ စာပေလောကထဲက ကမောက်ကမဖြစ်ရပ်တွေအပြင်၊ ဆရာဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလ၊ မဆလခေတ် အဖြစ်အပျက်တွေ၊ လူတန်းစား ပြဿနာတွေ၊ လူ့အလွှာမျိုးစုံက အကြောင်းအရာစုံကိုပါ ချက်ကျလက်ကျ သရော်ထားပြီး ပြဇာတ်စာပေရဲ့ စည်းဘောင်ထဲက လွတ်ထွက်မသွားအောင်လည်း ဂရုစိုက် ဖန်တီးထားပါတယ်။ တစ်ပုဒ်ချင်းစီအကြောင်း အမြည်းပေးနေရင် စာဖတ်သူတွေ ဖတ်တဲ့အခါ အရသာပျက်သွားမှာစိုးလို့ ကိုယ်တိုင်ဖတ်ကြည့်ပါလို့ပဲ လက်တို့လိုက်ပါတယ်နော်။