မျက်နှာမပါတဲ့ အကောင်နှင့် ဂမ္ဘီရဝတ္ထုများ

မောင်မြင့်မား(ဗိုလ်ကလေး)

600 Kyats ကျပ်
နက်နဲဆန်းပြားတဲ့ ဖြစ်ရပ်တွေကို တစ်ပုဒ်နဲ့ တစ်ပုဒ် မတူခြားနားတဲ့ ရသတွေနဲ့ ဖတ်ရမယ့် ဂမ္ဘီရဝတ္ထုတိုတွေ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ မုဆိုးနဲ့ သားကောင်တို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတဲ့ ဇာတ်လမ်းတွေ၊ တောတွင်းက ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ ပရလောကသား ဝိညာဉ်တွေရဲ့ ဒုက္ခပေးမှုတွေနဲ့အတူ လောကမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ ထူးထူးခြားခြား ဖြစ်ပေါ်လာတတ်တဲ့ ဂမ္ဘီရဆန်းကြယ် ဖြစ်ရပ်တွေအကြောင်း စုစည်းရေးသားထားပါတယ်။ ဒီစာအုပ်မှာတော့ ... ကြုံခဲ့ဖူးသော ထိုတစ်နေ့၊ စရိုက်ကြမ်းနှင့် တောကြမ်း၊ မီးလုံးကြီးများ၊ သန်းခေါင်ယံက ဘောလုံးပွဲ၊ ကိုသံချောင်း ကံကောင်းသည်၊ မျက်နှာမပါတဲ့အကောင်၊ တွေ့ကြုံခဲ့ရ ထိုလောက၊ သူငယ်ချင်း တာဝန်ကျေပါတယ်၊ ထိုအုတ်ခဲနှစ်လုံး၊ မြိုင်ယံတွင်းမှ မိန်းကလေး၊ အကြောပြင် ပညာရှင်ရဲ့ကိုယ်တွေ့၊ တောထဲက သေပါပြီဗျ၊ စာရေးဆရာနှင့် ပရလောက၊ အစောင့်အရှောက်လည်း ကြောက်ပါသည် … စတဲ့ ရသစုံ ဂမ္ဘီရဝတ္ထုတိုတွေ ပါဝင်ပါတယ်။ ခံစားကြည့်ပါဦး စာချစ်သူတို့ရေ။