ရင်ကိုစွဲငြိစေသော အဆိုအမိန့်များ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)

500 Kyats ကျပ်
ကမ္ဘာ့နိုင်ငံအသီးသီး၊ နယ်ပယ်ကဏ္ဍအသီးသီးက အောင်မြင်ကျော်ကြား ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်ကျော်တို့ရဲ့ အဖိုးတန် အဆိုအမိန့်တွေကို အင်္ဂလိပ် - မြန်မာ နှစ်ဘာသာနဲ့ စုစည်း ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီ အဆိုအမိန့်တွေဟာ စာရေးသူ ဆရာမောင်မောင်မြင့်သိန်း အတွက်လည်း ရင်ထဲ စွဲငြိစေခဲ့တဲ့ အဆိုအမိန့်တွေ ဖြစ်သလို၊ ဖတ်လိုက်တဲ့ စာဖတ်သူတိုင်း အတွက်လည်း အကျိုးကျေးဇူး များစေမှာပါ။ အဆိုအမိန့် တချို့ကို ဖော်ပြပါရစေခင်ဗျ။ “လေကြောင်းကို ငါမပြောင်းနိုင်ပါဘူး။ ဒါပေမဲ့ ပန်းတိုင်ကို ငါရောက်အောင် ငါ့ရွက်တွေကို ငါသင့်တော်သလို ညှိပြီး ပြင်နိုင်ပါတယ်” - ဂျင်မီဒင်း (အမေရိကန် ရုပ်ရှင်သရုပ်ဆောင်) “လူတစ်ယောက်၏ ဘဝတွင် ကြီးမြတ်သော ရက်ကြီးနှစ်ရက် ရှိသည်။ ပထမတစ်ရက်မှာ မွေးဖွားသည့်ရက် ဖြစ်ပြီး အခြားတစ်ရက်မှာ မည်သို့ မွေးဖွားလာသည်ကို သိနားလည်လိုက်သော နေ့ပင် ဖြစ်သည်” - ဝီလီယမ်ဘာကလေ (စာရေးဆရာ)