ဣတ္ထိယအားမာန်

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ကမ္ဘာကျော် အမေရိကန် ဝတ္ထုရေးဆရာကြီး ဟာရိုးရော်ဘင် (Harold Robbins) ရဲ့ နောက်ဆုံးထုတ်ဝတ္ထု (Goodbye, Janette) ကို ဆရာမောင်ပေါ်ထွန်း မြန်မာပြန်ဆိုထားတဲ့ ဣတ္ထိယအားမာန်။ ဒီဝတ္ထုမှာ အမျိုးသမီးတွေကို အဓိက ဇာတ်ဆောင်အဖြစ် ပုံဖော်ထားပါတယ်။ ဒီနေ့ခေတ်မှာ အနောက်တိုင်းမှာတေ့ ‘အမျိုးသမီးဘဝ လွတ်လပ်ရေး’ (Women’s Liberation) လှုပ်ရှားမှုဟာ တစ်နေ့တခြား တိုးပွား ကျယ်ပြန့်လာပါပြီ။ ဒါကို အခွင့်ကောင်းယူပြီး အနောက်တိုင်း စာရေးဆရာတွေကလည်း မိန်းမသားတွေဘက်ကနေ ရှေ့နေလိုက်ထားတဲ့၊ အမျိုးသမီးတွေကို ‘စန်းတင်’ထားတဲ့ ဝတ္ထုတွေ တော်တော်များများ ရေးသားလာကြပါတယ်။ အစဉ်အလာအရ ‘ကြက်မတွန်လို့ မိုးမလင်း’၊ ‘အားနွဲ့သူ မိန်းမသား’ဆိုတဲ့ ပညတ်ချက်တွေနဲ့ ခေတ်အဆက်ဆက် ချောင်ထိုးခံနေခဲ့ကြရတဲ့ မိန်းမသားတွေရဲ့ ဘဝကို စာနာစိတ်နဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုတွေပါ။ ဒီဝတ္ထုမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိက ရှေ့တန်းတင်ထားတဲ့ ဣတ္ထိယဘဝသရုပ်ဖော် ဇာတ်လမ်းကို ဖတ်ကြရမှာပါ။ မိန်းမသားတွေရဲ့ အားမာန်ကို ဖော်ကျူးထားတဲ့ ဝတ္ထုလို့လည်း ဆိုနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီအကျဉ်းစခန်းကို ရောက်လာတဲ့ ပိုလန် အမျိုးသမီးကလေးတစ်ယောက်ရဲ့ စစ်အတွင်း ခံစားခဲ့ရတဲ့ ဘဝအထွေထွေကို အားမာန်အပြည့်နဲ့ ရေးဖွဲ့ထားတာကို ဖတ်ကြရမှာပါ။