လုပ်ငန်းအောင်မြင်ရေး လျှို့ဝှက်ချက်များ

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
Mark H . Mc Cormack ရဲ့ Success Secrets စာအုပ်ကို ဆရာမောင်ပေါ်ထွန်း မြန်မာဘာသာ ပြန်ဆိုထားတဲ့ ‘လုပ်ငန်းအောင်မြင်ရေး လျှို့ဝှက်ချက်များ’ စာအုပ်လေးကတော့ စီးပွားရေးလုပ်ငန်း အောင်မြင်ရေးနဲ့ တက်ကျမ်းဖတ် စာဖတ်ပရိသတ်ကြီး အတွက် ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီစာအုပ်မှာ ရောင်းဝယ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖွဲ့စည်း အုပ်ချုပ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ စွန့်ဦးတီထွင်ခြင်း စတဲ့ အကြောင်းရပ်တွေနဲ့ ပတ်သက်ပြီး ကျမ်းပြုဆရာရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ရောမွှေ တင်ပြထားပါတယ်။ တစ်နည်းအားဖြင့် ဒီ စာအုပ်ဟာ စီးပွားရေး လုပ်ငန်းဆိုင်ရာ လမ်းညွှန်စာအုပ် ဖြစ်သလို လူမှုဆက်ဆံရေး ဆိုင်ရာ လမ်းညွှန်စာအုပ်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေး လောကသားတွေ အလွန်ကြိုက်ကြတဲ့အတွက် အကြိမ်ကြိမ် ပြန်ရိုက်နေရတဲ့ စာအုပ်ဖြစ်သလို ဆရာမောင်ပေါ်ထွန်းက မြန်မာစာဖတ်သူတွေနဲ့ ကိုက်ညီမယ့် အကြောင်းအရာတွေကိုပဲ ရွေးချယ်ထုတ်နုတ် ဘာသာပြန်ဆိုထားတာမို့ ဖတ်ရှုရ လွယ်ကူရှင်းလင်းပြီး လူတိုင်းအတွက် အကျိုးရှိစေမယ့် စာအုပ်လည်း ဖြစ်ပါတယ်။