မကြံကောင်း မစည်ကောင်း

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
“မိုးလေဝသအကြောင်းကို လူတိုင်းပြောနေကြသည်။ သို့သော်လည်း မိုးလေဝသကောင်းအောင် ဘယ်သူမှ ဘာမှ မလုပ်နိုင်ကြ” ဟူသည့် ဆိုရိုးစကားရှိသည်။ ထိုစကား မမှန်တော့ပါ။ ယခုအခါ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံတို့မှာ ကမ္ဘာတစ်ဝန်းမှ မိုးလေဝသအခြေအနေကို ထိန်းချုပ်နိုင်သည့် စွမ်းအားတွေ ရှိနေကြပြီ။ အမေရိကန်နိုင်ငံနှင့် ရုရှနိုင်ငံတို့ ဖြစ်သည်။ အခြားနိုင်ငံတွေကလည်း အမီလိုက်နိုင်အောင် သွေးရူးသွေးတန်း ကြိုးစားနေကြသည်။ လျှပ်စစ်စွမ်းအင်ကို အာကာသထဲသို့ ပို့လွှတ်ခြင်းအပါအဝင် သဘာဝဓာတ်စင်တို့၏ အစွမ်းသတ္တိကို လေ့လာစူးစမ်းမှုလုပ်ငန်းကို ၁၈၀၀ ပြည့်လွန် နှောင်းပိုင်းကာလမှစ၍ သိပ္ပံပညာရှင် နီကိုလာတေဆလာ* က စတင်ပြုလုပ်ခဲ့သည်။ ယခုအခါ ယင်းလေ့လာစူးစမ်းမှုသည် လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပြီ။