ပက်တီဟက်စ်နှင့် အက်စ်အယ်လ်အေဂိုဏ်း

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ဒီစာအုပ်ဟာ အမေရိကန်နိုင်ငံက သူဌေးသမီး တက္ကသိုလ်ကျောင်းသူတစ်ဦးရဲ့ ဖြစ်ရပ်မှန် ပြန်ပေးဆွဲမှု ဇာတ်လမ်း ဖြစ်ပါတယ်။ တိုင်း( Time) နဲ့ (New Week) တို့လို အပတ်စဉ်ထုတ် နိုင်ငံတကာသတင်း မဂ္ဂဇင်းတွေကို ဖတ်ရှုကြတဲ့ စာဖတ်သူတိုင်း သိရှိကြပြီးသား ကမ္ဘာကျာ်မှုခင်းကြီး ဖြစ်ပါတယ်။ FBI စုံထောက် သုံးထောင်ကျော်ကို (၁၉) လခွဲ တိုင်တိုင် ဒုက္ခပေးခဲ့တဲ့၊ အမေရိကန် ပြည်သူတွေ ရင်တထိတ်ထိတ် အသည်းတဖိုဖို ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ် တစ်ခုပါ။ သန်းကြွယ်သူဌေး သမီးဟာ ပြန်ပေးဆွဲ ခံရပြီးနောက်မှာ ပြန်ပေးဂိုဏ်းနဲ့ ပူးပေါင်းပြီး ကြံရာပါမှု၊ ဘဏ်တိုက်စီးမှု၊ လက်နက်မှု၊ ကားခိုးမှု စတဲ့ ပြစ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့ပါတယ်။ သူ့ဖခင်သူဠေးကြီးက နိုင်ငံကျော် ရှေ့နေကြီး (၆) ဦးကို ကြေးကြီးပေး ဌားရမ်းပြီး သူ့သမီး လွတ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း (၂၂)လ ကြာအောင် အချုပ်ခံခဲ့ ရပြီးနောက် (၁၉၇၉) ခုနှစ်မှ ခံဝန်ချုပ်နဲ့ အချုပ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ အချုပ်ကျနေစဉ် ကာလအတွင်း လုံခြုံရေး ဝန်ထမ်းတာဝန်ကျတဲ့ ရဲတပ်သား လီရှောနဲ့ လက်ထပ်ခဲ့ပါတယ်။ ပက်တီဟက်စ်ဟာ သူ့ဘဝဖြစ်စဉ်ကို စာအုပ်ရေးပြီး Every Secret Thing အမည်နဲ့ (၁၉၈၁) ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ ပက်တီဟတ်စ်ရဲ့ အမှုအဆုံးသတ်နဲ့တကွ သူ့ဘဝရဲ့ နောက်ဆုံး နေ့ရက်များ၊ နေထိုင် ရှင်သန်ပုံတွေ အားလုံးကိုပါ ရေးသားဖော်ပြထားပါတယ်။