ဆရာဝန်မသုံးယောက်

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ဒီစာအုပ်ဟာ ကမ္ဘာကျော် အမေရိကန် စာရေးဆရာကြီး ဆစ်ဒနီရှယ်လ်ဒန်ရဲ့ နောက်ဆုံးထွက်ဝတ္ထု ဖြစ်ပါတယ်။ ဒီဝတ္ထုထဲမှာ ရှယ်လ်ဒန်က ဆရာဝန်နဲ့ သူနာပြုတွေ အပါအဝင် ဆေးရုံတစ်ခုထဲမှာ အတူတူ အလုပ်လုပ်ကြတဲ့ ဆရာဝန်မသုံးဦးတို့ကို အဓိက ဇာတ်ဆောင်ထားပြီး ဇာတ်လမ်းဆင်ထားပါတယ်။ ဆေးလောက နောက်ခံဆိုပေမဲ့လည်း တရားခွင်တစ်ခုကနေ ဇာတ်လမ်းကို အစပျိုးထားတယ်ဗျ။ ရှယ်လ်ဒန်ရဲ့ ထုံးစံအတိုင်း၊ ဇာတ်လမ်းက ခပ်ရှုပ်ရှုပ်၊ ဒါပေမဲ့ အတော်လန်းတယ်ဗျ။ ဖတ်ရင်းဖတ်ရင်း လက်ကမချနိုင်အောင် ထိသွားကြမယ်။ သူ့ဇာတ်လမ်းက သပွတ်အူလို ရှုပ်လေ၊ ဖတ်ရတဲ့လူက အသေအလဲ စိတ်ဝင်တစားကို ဖတ်နေမိလေပဲ။ ဘာဖြစ်လာမလဲ၊ ဘာဆက်ဖြစ်လာဦးမလဲ ဆိုပြီး ရင်တလှပ်လှပ်နဲ့ ဖတ်ရတာမျိုး။ ဇာတ်လမ်းဆုံးသွားမှာကိုတောင် စိုးရိမ်နေရလောက်အောင် ဆွဲဆောင်အားပြင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ ခင်ဗျ။