စွန့်စားမှ အောင်မြင်မည်

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
လူ့ဘဝမှာ လူတိုင်းဟာ မိမိသက်ဆိုင်ရာ၊ ဝါသနာပါရာ၊ စိတ်အားထက်သန်ရာ၊ သင့်လျော်ရာ၊ ကဏ္ဍအသီးသီးတိုင်းကို အောင်မြင်စွာ ဆောင်ရွက်လိုသူချည်းပါပဲ။ ကိုယ့်မျှော်မှန်းချက်၊ ဝါသနာ၊ ဘယ်လိုကဏ္ဍမဆို လူတိုင်းဟာ အလွယ်တကူ အောင်မြင်တယ် ဆိုတာ မရှိပါဘူး။ ရှိခဲ့ရင်လည်း အင်မတန် ကံထူးသူပဲ ဖြစ်ပါလိမ့်မယ်။ အောင်မြင်မှုဆီ သွားဖို့အတွက် လူတိုင်းဟာ ကြိုးစားမှု၊ ရုန်းကန်မှု၊ နည်းလမ်းရှာဖွေမှုတွေနဲ့ အချိန်တွေကို ဖြတ်သန်းပြီးမှ လိုရာပန်းတိုင်ကို ရောက်ရှိကြရတာပါ။ အောင်မြင်ဖို့အတွက် စွန့်စားမှုဆိုတာကလည်း အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် စွန့်စားမှ အောင်မြင်မည် တဲ့။ အောင်မြင်မှုဆီ သွားဖို့အတွက် ဘယ်လို စွန့်စားခန်းတွေ ဖွင့်ရမလဲ၊ ဘယ်လို နည်းလမ်းတွေလဲ၊ ဒီစာအုပ်မှာ ဖတ်ကြည့်လိုက်ရအောင်