ကုန်းမြင့်စံအိမ်

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
W.Somerset Maugham ရဲ့ "Up At The Villa" ကို ဆရာမောင်ပေါ်ထွန်း မြန်မာဘာသာ ပြန်ဆိုထားတဲ့ ‘ကုန်းမြင့်စံအိမ်’ ဝတ္ထုရှည်ဖြစ်ပါတယ်။ ဆမ္မားဆက်မွန်ရဲ့ ဒီဝတ္ထု ဘယ်လောက်အထိ ကောင်းသလဲဆိုရင် ဆရာဒဂုန်တာရာကလည်း မှီငြမ်းပြီး ‘လရောင်ရွှန်းမြ’ ဆိုတဲ့ ဝတ္ထုအဖြစ် ပြန်ရေးခဲ့ဖူးပါတယ်။ အခု ဆရာမောင်ပေါ်ထွန်းရဲ့ လက်ရာကတော့ တိုက်ရိုက်ဘာသာပြန်ပေါ့။ ဆမ္မားဆက်မွန်က သိပ်ကို လူ့သဘာဝ အဖွဲ့အနွဲ့မှာ ပေါ်လွင်အောင် ဖွဲ့တတ်လွန်းပါတယ်။ မေရီဆိုတဲ့ မိန်းမလှတစ်ယောက်ကို ဝိုင်းအုံချစ်မိကြတဲ့ ဆာဘွဲ့ရ ဆာအဂ္ဂါ၊ မိန်းမပွေရှုပ်တဲ့ ရိုလီနဲ့ လူဆင်းရဲတယောဆရာလေး ကားလ်။ အခြေအနေမတူ၊ ပတ်ဝန်းကျင်မတူ၊ အနေအထား အသွင်အပြင် မတူညီတဲ့ ယောက်ျားသုံးယောက်နဲ့ မေရီဆိုတဲ့ မိန်းမလှတစ်ယောက်တို့ရဲ့ သုံးရက်စာလောက် အချိန်တိုအတွင်း အဖြစ်အပျက်တွေကို သုံးနှစ်စာလောက် တသသ ခံစားသွားရမယ့် ဝတ္ထုကောင်းတစ်ပုဒ်ခင်ဗျ။ ဆမ္မားဆက်မွန်ရဲ့ ဝတ္ထုတွေကို မဖတ်ဖူးသေးဘူးဆိုရင် ဒီတစ်အုပ်ကနေ စကြည့်လိုက်ပါ။ ထိသွားမှာ သေချာပါတယ်၊ ငြိသွားမှာ သေချာပါတယ်။ ‘စိန်ကဲ ရွှေကဲ၊ ဤနှစ်ကဲထက်၊ မိန်းမကဲခတ်၊ လွန်ခဲတတ်၏’ ဆိုတဲ့ မဃဒေဝလင်္ကာထဲကအတိုင်း၊ မိန်းမတွေရဲ့ စိတ်ဟာ ခန့်မှန်းရ ခက်တယ်ဆိုတာကို ကျကျနန နားလည်သွားမှာပါ ခင်ဗျ။