ကမ္ဘာရန်

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
...ဤဝတ္ထုသည် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းတို့ကို ပလ္လင်ခံကာ အားပြိုင် ဇာတ်ကောင်တို့၏ လောဘ၊ ဒေါသ၊ မောဟများနှင့် အပြိုင်အဆိုင်၊ အတိုက်အခိုက်၊ အချစ်အမုန်း၊ အလွမ်းအဆွေး၊ အပျော်အရွှင် ဘဝအထွေထွေကို ဇာတ်အိမ် ကျယ်ပြန့် ကြီးမားစွာဖြင့် အထူးပီပြင်စွာ ဖွဲ့ဆို ဖော်ကျူးထားသည့် ဘဝမြင်ကွင်းကျယ် ဝတ္ထုကြီး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုသော် … ကမ္ဘာ့စီးပွားရေး လောကမှ အကြီးကျယ်ဆုံး လုပ်ငန်းရှင်ကြီး နှစ်ယောက်တို့၏ မွေးဖွားလာသည့်နေ့မှ ကွယ်လွန်သည့်နေ့အထိ ဘဝတစ်လျှောက်လုံး အပြိုင်အဆိုင်နှင့် သူနိုင်ငါနိုင် ရုန်းကန် တိုက်ခိုက် လာခဲ့ကြပုံများနှင့် ၄င်းတို့၏ အလွမ်းအဆွေး၊ အချစ်အမုန်း၊ အပျော်အရွှင် စုံလင်စွာဖြင့် ဇာတ်လမ်းဆင်ထားသော ဝတ္ထုကြီးတစ်ပုဒ်ဟုလည်း ဆိုနိုင်ပါသည်။