စိတ်ဖိစီးမှုဖြေဖျောက်နည်းနှင့် စိတ်ပညာစာပဒေသာ

မောင်ခေတ်ထွန်း၊ လှတိုး(စိတ်ပညာ)

700 Kyats ကျပ်
စိတ်ပညာရဲ့ နယ်ပယ်ကတော့ သိပ်ကိုကျယ်ပြန့်ပါတယ်။ လူတစ်ယောက်ရဲ့အသက်ရှင်ရတဲ့ စနစ်တွေထဲမှာ စိတ်ဟာ အဓိက အခန်းကဏ္ဍကြီးတစ်ခု အနေနဲ့ ရှိနေပါတယ်။ သွားတာ၊ လာတာ၊ စားသောက်တာ၊ တွေးခေါ်တာ၊ အပြုအမူတွေ၊ စံပုဂ္ဂိုလ်ထားတာ၊ စိတ်ဖိစီးတာ၊ ပျော်ရွှင်တာတွေအကုန်လုံးက စိတ်နဲ့ဆက်စပ်နေတာပါပဲ။ ဒီစာအုပ်ထဲမှာတော့ စိတ်နဲ့ ပတ်သက်တာတွေကို နက်နက်နဲနဲ တင်ပြထားတယ်။ လူနဲ့ ဉာဏ်ရည်၊ စိတ်စွမ်းအား ဆက်စပ်ပုံတွေ၊ စိတ်ဖိစီးမှု များပြားလာရင် ဖြေဖျောက်နည်းတွေ၊ လူငယ်တွေရဲ့ စံထားပုဂ္ဂိုလ်ဖွဲ့စည်းမှုပုံစံတွေနဲ့ စိတ်ပညာအကြောင်း ဆောင်းပါးကောင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။