ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း

မောင်ခေတ်ထွန်း

700 Kyats ကျပ်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝထုပ္ပတ်ဟာ သူ့နှစ်ကာလ သူ့အပိုင်းအခြား သူ့ခေတ်အပြောင်းနဲ့အတူ လိုက်ပါပြောင်းလဲ ဖြစ်တည်ခဲ့ပေမယ့် တကယ်တော့ တစ်ဖြောင့်တည်းသွားတဲ့ မျဉ်းကြောင်းပမာ ဘဝ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဗိုလ်ချုပ်ဟာ ကျောင်းသားအရွယ်ကတည်းက နိုင်ငံလွတ်လပ်ရေးတစ်ခုတည်းကိုသာ ရည်မှန်းပြီး ဦးလည်မသုန် ဘဝကို ဖြတ်သန်းခဲ့ကြောင်းပါ။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုလို့ ပြောရင် ၁၉၁၅ မှာ မွေးဖွားတဲ့ ဗိုလ်ချုပ်ဟာ၊ ၁၉၂၉ ရေနံချောင်း အမျိုးသားကျောင်းမှာ သတ္တမတန်း စတင်တက်ရောက်တဲ့ နှစ်ကာလကတည်းကနေ လုပ်ကြံခံရချိန်အထိလို့ ဆိုရပါမယ်။ ဒီတော့ ထိုနှစ်ကာလ ၁၈ နှစ်တာ ဖြတ်သန်းမှုမှာ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းကို သူ့ကာလ သူ့အပိုင်း အခြားနဲ့အတူ ဆစ်ပိုင်းရက်စွဲထိုး မှတ်တမ်းပြုဖို့ဆိုတာ ဗိုလ်ချုပ်ရဲ့ တစ်ဘဝလုံးစာမို့ မလွယ်ကူလှပါဘူး။ ဒါ့အပြင် ဗိုလ်ချုပ်ရဲ့ ထိုတစ်ဘဝစာဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု စတင်သည်က ရရှိချိန်အထိ စလယ်ဆုံး (အစပျိုးမှုမဟုတ်ပါ) သုံးပါးလုံး ဖြစ်နေတာကြောင့်လည်း ပိုမိုနက်ရှိုင်းလှပါတယ်။ ဆရာမောင်ခေတ်ထွန်းကတော့ ယခုစာအုပ်မှာ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတစ်လျှောက် ဆက်စပ်နေတဲ့ အရေးပါမှုဖြစ်စဉ်ဖြစ်ရပ်တွေ အားလုံးကို နှစ်ကာလရက် အပိုင်းလိုက် ရွေးထုတ်ပြုစုပေးထားတာကြောင့် ဖတ်ရှုရုံတင်မက မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း သိမ်းဆည်းမျှဝေပေးသွားရမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။