ကလေးများအတွက် တစ်ထောင့်တစ်ည ပုံပြင်များ

မောင်ခေတ်ထွန်း

700 Kyats ကျပ်
A Thousand and one night, Arabian Nights, Arabian Nights' Entertainments စတဲ့ အမည်အမျိုးမျိုးနဲ့ နာမည်ကျော်ကြား ထင်ရှားလှတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေကို မြန်မာစာပေမှာ မြန်မာဘာသာ ပြန်ဆိုသူ ဆရာများလည်း များပြားလှပါတယ်။ တကယ်တော့ တစ်ထောင့်တစ်ည ပုံပြင်တွေဟာ မူလက နှုတ်ပြောပုံပြင်တွေအဖြစ် ဂန္ထဝင် တွင်ကျန်ရစ်ခဲ့ပြီး ယနေ့တိုင်အောင် မရိုးနိုင်တဲ့ ပုံပြင်တွေပဲ ဖြစ်ပါတယ်။ မူလက အာရပ်ပုံပြင်တွေ အဖြစ် ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အိန္ဒိယပုံပြင်တွေနဲ့ ရောနှောပြီး ပုံပြင်ပေါင်း (၂၆၄) ပုဒ် ပါဝင်တဲ့ ပုံပြင်စု ဖြစ်ခဲ့ပါတယ်။ တစ်ထောင့်တစ်ည ပုံပြင်တွေဟာ တစ်ပုဒ်နဲ့တစ်ပုဒ် ဆက်နွယ်နေတာမို့ ပုံပြင်ရှည်ကြီးအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။ ဆူလတန်ဘုရင်ကြီးကို ချေဟိရာဇာဒီက ပြောပြခဲ့တဲ့ ဒီတစ်ထောင့်တစ်ည ပုံပြင်တွေကတော့ ကလေးတွေသာမက၊ လူကြီးတွေအတွက်လည်း ဘယ်တော့မှ ရိုးမသွားမယ့် ပုံပြင်တွေပါပဲ။