ဤမဟာဘဒ္ဒကမ္ဘာ၌ အချစ်မရှိသောကိုယ် ငါဖြစ်လိုသည်

မောင်သိန်းဆိုင်

600 Kyats ကျပ်
စာအုပ်ခေါင်းစဉ်ကိုက ဘယ်လောက်လှပခန့်ထည်လိုက်သလဲ။ ကြည့်စမ်း။ နုကြွလတ်ဆတ်ပြီး လွမ်းမောထိခိုက်စရာ။ ဒါပေမဲ့ ဒီဇာတ်လမ်းက အချစ်ချည်း သီးသန့်မဟုတ်တဲ့ လျှို့ဝှက်သည်းဖို ဝတ္ထုတစ်ပုဒ်။ "ဤမဟာဘဒ္ဒကမ္ဘာ၌ အချစ်မရှိသောကိုယ် ငါဖြစ်လိုသည်" ဝတ္ထုဟာ လျှို့ဝှက်စွာ ကြံစည်ထားတဲ့ လူသတ်မှုတစ်ခုနဲ့ ဒီလူသတ်မှုရဲ့နောက်ကွယ်က ချစ်ခြင်းတရားရဲ့ အပိုင်းအစတွေကို ရင်တလှပ်လှပ် ခံစားကြရမယ့် သည်းထိတ်ရင်ဖိုဇာတ်လမ်း တစ်ပုဒ်။ အစကနေ အဆုံးထိ စိတ်ဝင်တစား ဖတ်ရှုခံစားရမယ့် ဆရာမောင်သိန်းဆိုင်ရဲ့ နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ်ပါ။ ဒီစာအုပ်မှာ … အနု၊ အသစ်၊ အချစ်၊ အကြမ်း၊ အလွမ်း၊ အဆွေး ရသမျိုးစုံ အရသာအဖုံဖုံကို ခံစားရမှာဖြစ်သလို တောင်ကြီးမြို့ရဲ့ သဘာဝ အလှအပတွေ၊ ဒေသအဖွဲ့အနွဲ့တွေနဲ့အတူ တော်လှန်ရေးကာလ အဖြစ်အပျက်တွေကိုလည်း တစ်စိတ်တစ်ပိုင်း မြင်တွေ့နိုင်ပါလိမ့်မယ်။ စိုင်းလူ၊ ဝတ်ရည်ကျော်၊ ခမ်းဝါညို၊ မြင့်မောင်သန်း … စတဲ့ ဇာတ်ကောင်တွေရဲ့ အားပြိုင်မှု၊ ဇာတ်အိမ်ဇာတ်ကွက် လှည့်စားချက်၊ အပြောင်းအလဲ၊ မြှုပ်ကွက် လှည့်ကွက်တွေက ရင်တမမ၊ အသည်းတအေးအေးနဲ့ စာဖတ်သူတို့ရဲ့ နှလုံးသားကို ဆွဲဆောင်သွားမှာ သေချာပါတယ်။