မိုးသည်ငွေရည် မိုးသည်မျက်ရည်

မောင်သိန်းဆိုင်

600 Kyats ကျပ်
မောင်မောင်သိင်္ခ - သူ၏ ဇာတိသည် ဖုန်ထူနေပူသော အညာကျေးလက်တစ်ခု ဖြစ်သည်။ ကဗျာဆရာ၊ သီချင်းရေးဆရာ သို့မဟုတ် စာရေးဆရာ ဖြစ်လာနိုးနှင့် အကြေအရပ်သို့ စွန့်စား ထွက်လာခဲ့သည်။ ရေးသားမှုနှင့် တူရိယာပစ္စည်း အတော်များများကို တတ်မြောက်အောင် ဆည်းပူးခဲ့သည်။ စာပေဂီတနယ်မှာ အငတ်ခံကာ ကျင်လည်ခဲ့ဖူးသည်။ သည်လိုနှင့် ဒေဝီနှင့်တွေ့ကာ စတီရီယို သီချင်းရေးဆရာ ဖြစ်လာသည်။ ယခင်ကတော့ အနုပညာကို ဝါသနာအတွက် လုပ်သည်။ ယခုတော့ သူ၏ အနုပညာမှာ ရောင်းတန်းပစ္စည်းတစ်ခု ဖြစ်နေခဲ့ပေပြီ။