သမီး ဖတ်ဖို့

မောင်သာချို

800 Kyats ကျပ်
လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပဲ ဖြစ်ပါတယ်။ လှုမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မှတ်သာမက ဂုဏ်ထူးမှတ်ပါထွက်စေဖို့ ဆရာမောင်သာချိုရဲ့ စာအုပ်ပါ ဆောင်းပါးတွေက သင့်ကို ကူညီလမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ ဆရာမောင်သာချိုကတော့ သမီးလေးကို စကားပြောနေရင်း ဆုံးမသွန်သင်နေဟန်ဖြင့် ဆောင်းပါးများရေးသားထားတာမို့ သမီးရှိသော မိဘများအတွက်လည်း လက်ထဲမှာ ရှိထားသင့်သော ဖတ်ထားသင့်သော စာအုပ်ဖြစ်ပါတယ်။ စာအုပ်အကြောင်း ပြောရမယ်ဆိုရင်တော့ ဒီစာအုပ်ဟာ မဂ္ဂဇင်းအသီးသီးမှာ ဖော်ပြခဲ့သောဆောင်းပါးများ စုပေါင်းထားတာပဲ ဖြစ်ပါတယ်။ သမီးလေးဖတ်ဖို့ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် မိမိကိုယ်တိုင်သာမက မိမိရဲ့ သားသမီးများကိုပါ အတွေးအမြင် ဗဟုသုတများနှင့် အသိအလိမ္မာများ တိုးပွားလာစေနိုင်မှာပါ။ မိမိရဲ့ မောင်ငယ်ညီမငယ်များကိုပါ ဖတ်ရှုဖို့ တိုက်တွန်းသင့်သော စာအုပ်ကောင်းလို့ ဆိုရမှာပါ။ လူဘောင်အဖွဲ့အစည်း ကောင်းစားဖို့ လူတစ်ဦးချင်းစီတိုင်းမှာ တာဝန်ကိုယ်စီရှိကြောင်း ဒီစာအုပ်ကိုဖတ်ပြီး သိရှိနားလည်သွားတယ် ဆိုရင်တော့ စာရေးသူရဲ့ စေတနာကို ကောင်းစွာအသုံးချရာရောက်ပြီလို့ ဆိုရင်းပဲ ဒီစာအုပ်ကို ဝန်ဇင်းမှာ အခုပဲ ဝယ်ယူဖတ်ရှုကြပါစို့ဗျာ။