အလွမ်းဖြင့် နိဂုံးချုပ်လိုက်သည်

မောင်လှမျိုး (ချင်းချောင်းခြံ)

800 Kyats ကျပ်
>> သိုသိုသိပ်သိပ်နေတတ်ပြီး၊ နားလည်ရခက်တဲ့ ‘မင်းမျိုးနိုင်’။ ကြီးပွားချင်လို့ နယ်ကနေ ရန်ကုန်တက်လာပြီး စီးပွားရှာခဲ့တယ်။ အဲဒီမှာ ‘သက်ထားဆွေ’ ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရင်းနှီးပြီး နောက်ဆုံး အိမ်ထောင်ပြုတယ်။ တစ်အိုးတစ်အိမ် ထူထောင်ပြီးတဲ့အထိလည်း မင်းမျိုးနိုင်က ပွင့်လင်းမှုမရှိ၊ နားလည်ရခက်နေတုန်း။ ဒါပေမဲ့ သက်ထားဆွေက စိတ်ထား ပြည့်ဝတော့ တော်ပါသေးတယ်။ >> တကယ်တော့ မင်းမျိုးနိုင် ရန်ကုန်ကိုတက်လာတာ ကြီးပွားချင်စိတ် တစ်ခုထဲကြောင့်မဟုတ်။ နယ်မှာတုန်းက ဖြစ်ခဲ့တဲ့ သမီးရည်းစားကိစ္စနဲ့ ပတ်သက်တဲ့ နာကြည်းချက် တစ်ခုကြောင့်လည်းပါတယ်။ အဲဒါကဘာလဲ ? အဲဒီနာကြည်းချက်ကြောင့် သူ့အခင်ဆုံး သူငယ်ချင်းလည်းဖြစ် ရည်းစားလုဖက်လည်း ဖြစ်ခဲ့သူရဲ့ အသုဘကို မသွားတာလား ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဆရာမောင်လှမျိုး ပရိသတ်တွေ အကြိုက်တွေ့မယ့် ဝတ္ထုပါပဲ။