အချစ်သီဆိုရာသီချင်း

မောင်လှမျိုး(ချင်းချောင်းခြံ)

800 Kyats ကျပ်
ဇာတ်ညွှန်းရေးဆရာပေါက်စလေး ဝေဇင်နဲ့ မင်းသမီးပေါက်စလေး သက်သက်စိုးတို့ရဲ့ ဆုံတွေ့မှုဟာ ရုပ်ရှင်ကုမ္ပဏီ ကြီးတစ်ခုရဲ့ ရုံးခန်းမှာ စတင်ခဲ့ကြတယ်ဆိုတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဝေဇင်ဟာ သက်သက်စိုးကို မြင်မြင်ချင်းမှာ ချစ်ခင်စုံမက်သွားမိတာကလည်း ကြုံတွေ့နေကြ ချစ်ခြင်းရဲ့ ထိရှမှုတစ်ခုပါ။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ဇာတ် လမ်းမှာ ဆန်းကြယ်မှုကတော့ ရှိနေခဲ့ပါတယ်။ ဝေဇင်ဟာ ငွေကြေးနဲ့ သူ့အတတ်ပညာကို ရောင်းစားရတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်နေပေမယ့် သူ့ဟာ အနုပညာကို တန်ဖိုးထားလွန်းတဲ့ ကဗျာဆရာဥတ္တရဆိုသူလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကဗျာဆရာဥတ္တရဘဝကို တန်ဖိုးထားလွန်းလို့ ကွယ်ဝှက်ထားမှုကြောင့် သက်သက်စိုးတစ်ယောက် သူအလွန်နှစ်သက်တဲ့ ကဗျာဆရာဟာ အစဉ်အမြဲ လိုလို ရိုက်ကွင်းပေါ်မှာ တွေ့ရတတ်တဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်နေမှန်း မသိခဲ့ပါဘူး။ ဝေဇင်အနေနဲ့ဖြစ်ဖြစ်၊ ဥတ္တရအနေနဲ့ ဖြစ်ဖြစ် ချစ်မိတဲ့ အချစ်ကတော့ အတူတူပဲဆိုတာကိုလည်း သက်သက်စိုးတစ်ယောက် မသိနိုင်ခဲ့ပါဘူး။ အဲဒီချစ်ခြင်းကို သက်သက်စိုး သိသွားခဲ့ချိန်မှာတော့ "အချစ်သီဆိုရာ သီချင်း" ဟာ ဘယ်လောက် ဆန်းကြယ်ခမ်းနားမလဲ သိရအောင် ဒီဝတ္ထုကို ဖတ်ကြည့်ပါဦးလို့ တိုက်တွန်းပါတယ်။