မျက်ဝန်းရေဆူ အမှတ်-၁၅၀၀

မောင်လှမျိုး (ချင်းချောင်းခြံ)

800 Kyats ကျပ်
ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) က သူရဲ့ ဒီဝတ္ထုနဲ့ပတ်သက်ပြီး “သာသနာတော်ကို ညှိုးနွမ်းစေလိုရင်း မရှိပါကြောင်း အားလုံးကို ဝန်ခံ၊ ဝန်ချ၊ တောင်းပန်လိုပါသည်။ စာဖတ်သူတို့ ရယ်ပွဲဖွဲ့ စရာလေးများဟုသာ မှတ်ယူ ခံစားဖတ်ရှုပြီး မလျော်ကန်သည့် ကိစ္စတိုင်းအတွက် ခွင့်လွှတ်ပေးကြပါရန်၊ အထပ်ထပ် ပန်ကြားချင်ပါသည်” လို့ ဆိုထားပါတယ်။ မိဘ ဘယ်သူလဲ ဆိုတာကိုတောင် မသိရှိတဲ့ ကိုရင်ငယ်လေး၊ အဲ့ဒီကမှ ဦးဇင်းငယ်လေး၊ ထိုမှတဆင့် တရားဟောကောင်းတဲ့ အသက်ငယ်ငယ် ဓမ္မကထိကကိုယ်တော်လေး။ လောကဇာတ်ခုံ လူ့ဘုံခန်းဝါအတွင်း အစုံစုံသော ဇာတ်အဖြစ်အပျက်များ ပြည့်နှက်နေရှာတဲ့ အဆိုပါ ပုထုဇဉ် လူသားတစ်ဦး အကြောင်းကို ဒီစာအုပ်ထဲ မြင်တွေ့ရမှာပါ။