ပျော်ရွှင်စရာ မိသားစုကမ္ဘာ

မောင်လွင်ပြင်

600 Kyats ကျပ်
မိသားစုဆိုတာ မတူညီတဲ့အရာတွေ စုထားတဲ့နေရာပဲမဟုတ်လား၊ တကယ်တော့ အဆင်ပြေပြေ ဆိုတဲ့အခြေအနေတစ်ခုကို နည်းနည်းပါးပါး လွဲချော်သွားတာပါဆိုတဲ့ အခြေအနေ သေးသေးလေးတွေ အများကြီးက ပျက်စီးသွားတဲ့အထိ တိုက်စားသွားနိုင်ခဲ့တယ် မဟုတ်လား၊ အကောင်းမြင်တတ်တဲ့ သူတွေကတော့ အမြဲလိုလို အေးဆေးငြိမ်းချမ်းနေကြရမှာပါပဲ။ သူတို့က အရာအားလုံးရဲ့ ရွေ့လျားမှုတွေအတိုင်း အသားတကျ နေထိုင်သွားနိုင်ကြတဲ့ သူတွေပဲလေ။ အဓိက,ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲတဲ့သဘောထားတွေ အံဝင်ခွင်ကျ မဖြစ်တာတွေ ညှိနှိုင်းခြင်း ကင်းမဲ့တာတွေကပဲ ပြဿနာပေါင်းစုံကို ဖြစ်ပေါ်လာစေတာပါ။ ဒီစာအုပ်ကတော့ မိသားစုဝင် တစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထားတွေ၊ အပြုအမူတွေ၊ ခံယူချက်တွေ၊ တာဝန်ယူတတ်မှုတွေကို အခြေခံပြီး ပျော်ရွှင်စရာ မိသားစုကမ္ဘာ တည်ဆောက်နိုင်အောင် လမ်းပြရေးသားထားတဲ့ စာအုပ်ကလေးပါ။ ဖတ်ကြည့်ပြီး လေ့လာနိုင်ပါတယ်။