ချစ်သူစာအုပ်

မောင်ရန်ပိုင်

600 Kyats ကျပ်
“ပါးတစ်ဖက်စီ ရေတွင်း တိမ်တိမ်လေး တစ်တွင်းစီနဲ့ ပါးချိုင့်လေးနဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး ကျွန်တော့်နှလုံးအိမ်ရဲ့ အစောင့်အရှောက် တစ်ခုသောနှစ်ဦးပိုင်းထိ လူ့ဘဝထဲ အသက်ရှင်နေထိုင်သွားခဲ့တယ်” ကဗျာဆရာ မောင်ရန်ပိုင်ရဲ့ ကဗျာတွေက ချစ်သူကို သိပ်ချစ်တဲ့ လူတယောက်ရဲ့ နှလုံးခုန်နှုန်းကို ပြောပြနေသလိုပဲ။ သူ့ ချစ်သူအပေါ် ထားတဲ့ အချစ်က သိမ့်သိမ့်လေးနဲ့ ငြိမ့်ငြိမ့်လေး။ ချစ်သူစာအုပ် ဆိုတဲ့ ဒီစာအုပ်ထဲမှာ ချစ်ရသူကို ချစ်တဲ့သူ တယောက်က သူ့ချစ်သူအကြောင်း ဘာတွေများ ရေးထားမလဲ ? ကဗျာတွေကို ဆက်စပ်ဖတ်ရင်း ဝတ္ထုအသွင် ရုပ်လုံးပေါ်လာတဲ့ စာအုပ်။