သဲၾကီးမဲၾကီး

မောင်မိုးသူ

1000 Kyats ကျပ်
♦ ‘သဲကြီးမဲကြီး’ ကတော့ စာရေးဆရာကြီး ကင်ဖောလေရဲ့ (၁၉၈၀) ခုနှစ် နောက်ဆုံးထုတ် The Key of Rebecca ဝတ္ထုကို ဆရာ မောင်မိုးသူက မြန်မာပြန်ဆိုထားတာပါ။ ဇာတ်လမ်းကျောရိုးက ဒုတိယ ကမ္ဘာစစ်ကို အခြေခံထားပါတယ်။ အင်္ဂလိပ်တွေ အပိုင်သိမ်းထားတဲ့ အရှေ့အလယ်ပိုင်း အာရပ် ကမ္ဘာကို ဂျာမန်တွေ ထိုးဖောက် ဝင်ရောက် တိုက်ခိုက်နေချိန်။ ဇာတ်လမ်း ကျောရိုးကို အကြောင်းပြုပြီးတော့ သမိုင်း နောက်ခံ အဖြစ်မှန်တွေကို မြန်မာပြန်သူ အနေနဲ့ လှန်လှောကြည့်ခဲ့တယ်လို့ ဆိုတယ်။ ဒီစာအုပ်က သမိုင်းကြောင်းအစစ်အမှန် ဟုတ်၊ မဟုတ်ကတော့ မူရင်းစာရေးသူပဲ သိမှာပါ။ ♦ သေချာတာကတော့ ဝတ္ထုတစ်ပုဒ်အနေနဲ့ ကမ္ဘာမှာ အရောင်းရဆုံးတွေထဲက စာအုပ်တစ်အုပ်ရဲ့ အရည်အသွေးတွေနဲ့ တကယ်ကိုက်ညီပါတယ်။ စာဖတ်သူကို မပျင်းစေဘူး၊ မရှုပ်ထွေးစေဘူး၊ ဘာဆက်ဖြစ်မလဲ ဆိုတာကိုပဲ သိစေချင်တယ်၊ လက်ကမချတမ်း ဖတ်မိစေတယ်။ ရှေ့မှာလည်း ကင်ဖောလေရဲ့ စာအုပ်တွေကို ဆရာမောင်မိုးသူက ဘာသာပြန်ဖူးတော့ မူရင်းစာအုပ်ရဲ့ အနှစ်သာရကို ထိခိုက်မှုမရှိမှာတော့ အသေအချာပါပဲ။