သမုဒ္ဒရာအသီးသီး ပင်လယ်အသွယ်သွယ်တို့နှင့် ဆက်စပ်ဖြစ်ပေါ်လျက်ရှိသည့် ပထဝီနိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဆောင်းပါးများ

မောင်မိုး

600 Kyats ကျပ်
ကမ္ဘာဦးစကတည်းက လူသားတွေရှင်သန်နေထိုင်ရာ သမိုင်းအဆက်ဆက်မှာ ပထဝီဝင် နယ်နိမိတ်ဆိုင်ရာ အကြောင်းတရားတွေအပေါ်အခြေခံပြီး စစ်ပွဲကြီးတွေဖြစ်ခဲ့ကြတာ ယနေ့အထိပဲ ဖြစ်ပါတယ်။ လူသားတွေဟာ မိမိတို့ရှင်သန်နေထိုင်ရာ ပင်မကုန်းမြေကြီးကနေ ကမ္ဘာကြီးရဲ့ နယ်ပယ်သစ်တွေကို ရှာဖွေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပင်လယ်သမုဒ္ဒရာကြီးထဲကို ရွက်လွှင့် ချီတက်မှုတွေ အစပြုခဲ့ကြပါတယ်။ ဒီလိုစွန့်စားရွက်လွှင့်စူးစမ်းရှာဖွေရင်း နယ်မြေသစ်များစွာနဲ့ ကမ္ဘာကြီးရဲ့ အရှေ့အနောက်တောင်မြောက်ဆက်စပ်တည်ရှိနေမှုတွေကိုပါ တွေ့ရှိသဘောပေါက် လာခဲ့ကြပါတယ်။ မြေပုံ/ရေပုံတွေကို ဖော်ထုတ်နိုင်အောင် ခရီးကြမ်းနှင်ခဲ့သူတွေကပဲ ပထဝီ အနေအထားကနေ အကျိုးစီးပွားတွေကို ပြောင်းလဲရယူနိုင်ဖို့ အဦးဆုံးအတွေးအမြင်တွေ ရရှိခဲ့ကြပါတယ်။ ဒီစာအုပ်မှာ ဖော်ပြပါရှိတဲ့အတိုင်း ပင်လယ်ရေကြောင်းဆိုင်ရာ ပထဝီမဟာ ဗျူဟာအနေအထားတွေကြောင့် ရရှိလာမယ့်အကျိုးစီးပွားတွေ၊ ဖြစ်ပွားခဲ့ရတဲ့စစ်ပွဲကြီးတွေ၊ ပဋိပက္ခတွေ၊ မဟာဗျူဟာ ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ စစ်အင်အားအပြိုင်အဆိုင် တိုးချဲ့တည်ဆောက်လာမှုတွေကို ဖတ်ရှုလေ့လာသုံးသပ်ပြီး ပထဝီကံကြမ္မာက ပေးအပ်ထားတဲ့ ကိုယ့်နိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာကျမှုကို ကောင်းစွာနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ကြောင်း ဆရာမောင်မိုးက ဆိုထားပါတယ်။ ဖတ်ကြည့်ကြပါဦး။