နှစ်လောက

မောင်ထွန်းသူ

1000 Kyats ကျပ်
ဒီစာအုပ်လည်း A.J. Cronin ရဲ့ လက်ရာပါ။ Adventures in two world လို့ နာမည်ပေးထားတဲ့ သူ့ရဲ့စာအုပ်ပါ။ သူ့ရဲ့အကြောင်းရေးထားတဲ့ စာအုပ်လို့လည်း ပြောကြတယ်။ ဇာတ်လမ်းက ဆရာဝန်ဖြစ်ချင်စိတ် ပြင်းပျတဲ့ စကော့လူမျိုး လူငယ်လေးတစ်ယောက် အကြောင်းပေါ့။ အဲဒီလူငယ်လေးရဲ့ ဆရာဝန်ဘဝနဲ့ စာရေးဆရာဘဝနှစ်ခုကို ပေါ်လွင်အောင် တင်ပြထားတယ်။ ဆင်းရဲပြီး စားသောက်ဖို့တောင် အနိုင်နိုင်ရုန်းကန်ရတဲ့ ဆရာဝန်ပေါက်စလေးတစ်ယောက်ရဲ့ ရုန်းကန်ပုံ၊ ဆေးပညာဆိုင်ရာ ဗဟုသုတတွေ၊ အချက်အလက်တွေ၊ စိတ္တဇဆေးရုံအကြောင်း၊ လူနာတွေအကြောင်းကို မြင်ရမှာပါ။